ဖမ်းဆီးခံဆန္ဒပြလူငယ် ၁ ဦး

March 10, 2021

ပူတာအိုတွင် ဖမ်းဆီးခံဆန္ဒပြလူငယ် ၁ ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်

ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဖော်ဖော်ဝါရီ ၉ ရက်နေ့က သပိတ်စစ်ကြောင်း ဖြိုခွင်းခံရချိန် အဖမ်းခံရတဲ့ လူငယ် (ကိုနန်ဆိန်ဆိုင်းလင်းအောင်)ကို ရဲတပ်ဖွဲ့က ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်လိုက်ပါတယ်။

ကိုဆိုင်းလင်းအောင်ဟာ ၉ ရက်နေ့က သပိတ်စစ်ကြောင်း ဖြိုခွင်းခံရချိန်မှာ အဖမ်းခံရတာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အမှုဖွင့်ကာ ပူတာအို ‌နမ်ဟော့ အကျဉ်းထောင်ကို ပို့ခံရပြီလို့ မိသားစု၀င်တွေက ပြောပါတယ်။

ကိုဆိုင်းလင်းအောင်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)မှ ခေါင်လန်ဖူးမြို့နယ် မဲဆန္ဒနယ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

9 months Ago
Up