ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရန် စစ်ကိုင်းကျောင်းသားသမဂ္ဂများ စုပေါင်းဆန္ဒပြ

May 12, 2022

မန္တလေးပညာရေးဒီဂရီကောလိပ်က ဖမ်းဆီးခံ ကျောင်းသား ၆ ဦးရှိ၊ စစ်ကျွန်ပညာရေး ဆက်သပိတ်မှောက်ရန် တိုက်တွန်း

ဖမ်းဆီးခံကျောင်းသားကျောင်းသူတွေကို ထောက်ရှုသောအားဖြင့် စစ်ကောင်စီအလိုကျ ပြန်ဖွင့်တဲ့ တက္ကသိုလ်ကျောင်းတွေကို မတက်ကြဘဲ CDMလုပ်ကြဖို့နဲ့ စစ်ကျွန်ပညာရေးကို ဆက်ပြီးသပိတ်မှောက်ကြဖို့ပဲ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသ) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျောင်းတက်နေကြတဲ့သူတွေအနေနဲ့ ပြန်စဥ်းစားဖို့ပါပဲ။ ကိုယ်က စစ်အုပ်စုကဖွင့်တဲ့ ကျောင်းတက်နေတဲ့ အချိန်မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးနှိက်စက်ခံရပြီး အကျဥ်းထောင်မှာ ရောက်နေတဲ့ ကိုယ့်သူငယ်ချင်းတွေရဲ့ မျက်နှာတွေကို ပြန်ကြည့်ကြဖို့​လိုပါတယ်။ ပြီးတော့ ကျနော်တို့ တိုင်းပြည်တခုလုံးက အကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှုရဲ့ ဖိနှိပ်မှုတွေကြောင့် ဒုက္ခဆင်းရဲမျိုးစုံ အလူးအလဲ ခံစားနေရတာကို ငဲ့ကြည့်ပြီး စစ်ကောင်စီနဲ့အလိုကျ ဖွင့်တဲ့ကျောင်းတွေ မတက်ကြဘဲ CDMလုပ်ကြဖို့နဲ့ စစ်ကျွန်ပညာရေးကို ဆက်ပြီးသပိတ်မှောက်ကြဖို့ပဲ ပြောချင်ပါတယ်။”လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်က ကျောင်းသားခေါင်းဆောင် ကိုအောင်နိုင်သူ ဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရတာ ဒီနေ့ မေ ၁၂ ရက်မှာ တနှစ်ပြည့်ပြီဖြစ်ပါတယ်။

ကျောင်းသားထုအခွင့်အရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အစဥ်အမြဲ ဦးဆောင် ပါဝင်ခဲ့တဲ့  ကိုအောင်နိုင်သူဟာ ၂၀၂၁၊ မေ ၁၂ ရက်က မန္တလေး ဆန္ဒပြသပိတ်ဖြိုခွဲခံရပြီး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာပါ။

စစ်ကောင်စီဟာ ကိုအောင်နိုင်သူ အပါအဝင် မန္တလေးပညာရေးဒီဂရီကောလိပ်က ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆ ဦးကို ဖမ်းဆီးထားတာဖြစ်ပြီး  ဖမ်းဆီးခံရသူတွေထဲမှာ မန္တလေး ပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ(ဗကသ) အထွေထွေအတွင်းရေးမှူး မသီရိရတနာ၊ ဒုတိယနှစ်ကျောင်းသား မောင်မျိုးကျော်၊ ပထမနှစ်ကျောင်းသူ မပန်းအိဖြူနဲ့ DTEd အပတ်စဥ် (၂၂/၁၇) က ကိုကျော်ဇင်လတ်တို့လည်း ပါဝင်ပါတယ်။

ကိုအောင်နိုင်သူနဲ့ မပန်းအိဖြူ တို့နှစ်ဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆို ထားပြီး ကိုအောင်မျိုးကို၊ မသီရိရတနာနဲ့ ကိုကျော်ဇင်လတ် တို့သုံးဦးကို ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရနိုင်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၂(က)၊ ၅၀(ည) တို့နဲ့ တရားစွဲဆိုကာ မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့အထဲမှာ မန္တလေးပညာရေးဒီဂရီကောလိပ်မှ ဒုတိယနှစ်ကျောင်းသား မောင်မျိုးကျော်ကိုတော့  ဒီနေ့အချိန်ထိ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးလို့ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသ) က ထုတ်ပြန်ထားပါတယ်။

1 month Ago

August 5, 2019

ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရန် စစ်ကိုင်းကျောင်းသားသမဂ္ဂများ စုပေါင်းဆန္ဒပြ 

ဆဲဗင်းဇူလိုင်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ သြဂုတ် ၅ ရက်နေ့က စစ်ကိုင်းမြို့မှာ ကျောင်းသားသမဂ္ဂများစုပေါင်း ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ “တရားစွဲဆိုတာကို မတရားဘူးလို့ သတ်မှတ်တယ်။ ဒါ့ကြောင့်မလို့ ဖမ်းဆီးခံ ကျောင်းသား ကျောင်းသူတွေအတွက် ပြန်လွှတ်ပေးဖို့ တောင်းဆိုကြတာပါ။ ဘာဖြစ်လို့ မတရားဘူးလည်း ပြောရရင် ကျောင်းသားတွေက သူတို့ရဲ့ အခွင့်အရေးအရ လုပ်တဲ့ကိစ္စကို မတရားပုဒ်မတပ်ပြီး တရားစွဲဆိုတာတွေ လုပ်ခဲ့တယ်။ ရန်ကုန်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျနော်တို့ ကျောင်းသားခေါင်းဆောင် ၈ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အခုလို တောင်းဆိုဆန္ဒပြရတာ”လို့ စစ်ကိုင်းပညာရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကိုသာယာထွေးက ပြောဆိုပါတယ်။ ဆန္ဒပြတောင်းဆိုရာမှာ မတရားဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ချက်ချင်းလွှတ် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာလှုပ်ရှားခွင့်ရရှိရေး၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရရှိရေး စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ကာ ကြွေးကြော်သံများနဲ့ ချီတက်လမ်းလျှောက်ခဲ့ကြပါတယ်။ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးကောလိပ်၊ မန္တလေးပညာရေးကောလိပ်၊ ဘားအံပညာရေးတက္ကသိုလ်၊ လားရှိုး ပညာရေးကောလိပ်၊ မုံရွာပညာရေးကောလိပ်စတဲ့ ကျောင်းသားသမဂ္ဂများက ပူးပေါင်းပါဝင်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဆဲဗင်းဇူလိုင်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ကိုမင်းဟန်ထက်၊ ကိုဇေမင်းဖြိုး၊ ကိုဝေယံဖြိုးမိုး၊ ကိုသူရလင်း၊ ကိုစိုင်းသုဝဏ်၊ ကိုမင်းသွေးသစ်၊ မအိသီရိကျော်နဲ့အတူ ကိုခန့်မင်းထက်တို့ ၈ ဦးကို ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။ စစ်ကိုင်းမြို့ပညာရေးတက္ကသိုလ်က ကျောင်းသားများဦးဆောင်ဆန္ဒပြရာမှာ သက်ဆိုင်ရာကို ခွင့်ပြုချက်ရယူခဲ့ခြင်းမရှိခဲ့တာကြောင့် စစ်ကိုင်းမြို့မရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူများက ခွင့်ပြုချက်ရယူဆောင်ရွက်ဖို့ လာရောက်ညှိနှိုင်းတာတွေ ပြုလုပ်ခဲ့ပေမယ့် ဆက်လက် ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ ဆဲဗင်းဇူလိုင်နေ့က လှုပ်ရှားမူပြုလုပ်ခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ၈ ဦးတွေကို ပြန်လွှတ်ပေးခြင်းမရှိခဲ့ပါက တနိုင်ငံလုံးက ကျောင်းသားသမဂ္ဂများစုပေါင်ပြီး ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာလည်း သိရပါတယ်။
ဖမ္းဆီးခံေက်ာင္းသားမ်ား ျပန္လႊတ္ေပးရန္ စစ္ကိုင္းေက်ာင္းသားသမဂၢမ်ား စုေပါင္းဆႏၵျပ ေအာင္ေအာင္ႏိုင္ ဆဲဗင္းဇူလိုင္လႈပ္ရွားမႈနဲ႔ပတ္သက္ၿပီး ဖမ္းဆီးခံထားရတဲ့ ေက်ာင္းသားေတြကို ျပန္လႊတ္ေပးဖို႔ ၾသဂုတ္ ၅ ရက္ေန႔က စစ္ကိုင္းၿမိဳ႕မွာ ေက်ာင္းသားသမဂၢမ်ားစုေပါင္း ဆႏၵျပ ေတာင္းဆိုခဲ့ၾကပါတယ္။ “တရားစြဲဆိုတာကို မတရားဘူးလို႔ သတ္မွတ္တယ္။ ဒါ့ေၾကာင့္မလို႔ ဖမ္းဆီးခံ ေက်ာင္းသား ေက်ာင္းသူေတြအတြက္ ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုၾကတာပါ။ ဘာျဖစ္လို႔ မတရားဘူးလည္း ေျပာရရင္ ေက်ာင္းသားေတြက သူတို႔ရဲ႕ အခြင့္အေရးအရ လုပ္တဲ့ကိစၥကို မတရားပုဒ္မတပ္ၿပီး တရားစြဲဆိုတာေတြ လုပ္ခဲ့တယ္။ ရန္ကုန္မွာ ဖမ္းဆီးခံခဲ့ရတဲ့ က်ေနာ္တို႔ ေက်ာင္းသားေခါင္းေဆာင္ ၈ ဦးကို အျမန္ဆုံးျပန္လႊတ္ေပးဖို႔ အခုလို ေတာင္းဆိုဆႏၵျပရတာ”လို႔ စစ္ကိုင္းပညာေရး တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢမွ ကိုသာယာေထြးက ေျပာဆိုပါတယ္။ ဆႏၵျပေတာင္းဆိုရာမွာ မတရားဖမ္းဆီးခံထားရတဲ့ ေက်ာင္းသားေတြကို ခ်က္ခ်င္းလႊတ္ ေက်ာင္းသားသမဂၢမ်ား လြတ္လပ္စြာလႈပ္ရွားခြင့္ရရွိေရး၊ လြတ္လပ္စြာ ဆႏၵထုတ္ေဖာ္ခြင့္ရရွိေရး စတဲ့ ဆိုင္းဘုတ္ေတြကို ကိုင္ေဆာင္ကာ ေႂကြးေၾကာ္သံမ်ားနဲ႔ ခ်ီတက္လမ္းေလွ်ာက္ခဲ့ၾကပါတယ္။ စစ္ကိုင္းပညာေရးတကၠသိုလ္၊ စစ္ကိုင္းပညာေရးေကာလိပ္၊ မႏၲေလးပညာေရးေကာလိပ္၊ ဘားအံပညာေရးတကၠသိုလ္၊ လားရႈိး ပညာေရးေကာလိပ္၊ မုံ႐ြာပညာေရးေကာလိပ္စတဲ့ ေက်ာင္းသားသမဂၢမ်ားက ပူးေပါင္းပါဝင္ဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္။ ဆဲဗင္းဇူလိုင္လႈပ္ရွားမႈနဲ႔ပတ္သက္ၿပီး ဖမ္းဆီးတရားစြဲဆိုခံထားရတဲ့ ကိုမင္းဟန္ထက္၊ ကိုေဇမင္းၿဖိဳး၊ ကိုေဝယံၿဖိဳးမိုး၊ ကိုသူရလင္း၊ ကိုစိုင္းသုဝဏ္၊ ကိုမင္းေသြးသစ္၊ မအိသီရိေက်ာ္နဲ႔အတူ ကိုခန႔္မင္းထက္တို႔ ၈ ဦးကို ဖမ္းဆီးခဲ့တာလည္းျဖစ္ပါတယ္။ စစ္ကိုင္းၿမိဳ႕ပညာေရးတကၠသိုလ္က ေက်ာင္းသားမ်ားဦးေဆာင္ဆႏၵျပရာမွာ သက္ဆိုင္ရာကို ခြင့္ျပဳခ်က္ရယူခဲ့ျခင္းမရွိခဲ့တာေၾကာင့္ စစ္ကိုင္းၿမိဳ႕မရဲတပ္ဖြဲ႕နဲ႔ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက တာဝန္ရွိသူမ်ားက ခြင့္ျပဳခ်က္ရယူေဆာင္႐ြက္ဖို႔ လာေရာက္ညႇိႏႈိင္းတာေတြ ျပဳလုပ္ခဲ့ေပမယ့္ ဆက္လက္ ခ်ီတက္လမ္းေလွ်ာက္ဆႏၵျပခဲ့ၾကပါတယ္။ ဆဲဗင္းဇူလိုင္ေန႔က လႈပ္ရွားမူျပဳလုပ္ခဲ့တာေၾကာင့္ ဖမ္းဆီးခံထားရတဲ့ ေက်ာင္းသား ၈ ဦးေတြကို ျပန္လႊတ္ေပးျခင္းမရွိခဲ့ပါက တႏိုင္ငံလုံးက ေက်ာင္းသားသမဂၢမ်ားစုေပါင္ၿပီး ျပင္းထန္တဲ့ လႈပ္ရွားမႈေတြကို ဆက္လက္လုပ္ေဆာင္သြားမွာလည္း သိရပါတယ္။
3 years Ago
Up