ဖမ်းဆီးခေါ်ဆောင်ခံရ

July 12, 2020

ကျောက်ဖြူမြို့နယ် စိုင်ခြုံကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ဖမ်းဆီးခေါ်ဆောင်ခံရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စိုင်ခြုံကျေးရွာမှာ ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းက ဓညဝတီရေတပ်စခန်း တပ်မတော်စစ်ကြောင်းတခုက ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ တပ်မတော်စစ်ကြောင်းက ကျေးရွာဒေသခံတွေကို စာသင်ကျောင်းမှာ ခေါ်ယူစစ်ဆေးခဲ့ပြီး လူငယ် ၂ ဦးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ စိုင်ခြုံကျေးရွာနေ အမည်မဖော်လိုသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့က မနက် ၄ နာရီလောက်မှာ ဓညဝတီရေစခန်းက တပ်မတော်သားတွေ ရွာကို ရောက်လာကြတယ်။ ပြီးတော့ ရွာက လူတွေအကုန်လုံးကို စာသင်ကျောင်းမှာစုခိုင်းပြီးတော့ စစ်ဆေးတယ်။ ပြီးရင် တအိမ်တက် တအိမ်ဆင်း ရှာဖွေတာတွေ လုပ်ဆောင်ခဲ့တာပေါ့။ အဲဒီလိုစစ်ဆေးပြီးတော့ ရွာက လူငယ် ၂ ဦးကို မသင်္ကာလို့ဆိုပြီးတော့ ဖမ်းဆီးခေါ်သွားခဲ့တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း ခေါ်သွားခဲ့တယ်” လို့ ပြောပါတယ်။ အခုလို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပေါ် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ထွန်းထွန်းညီကို ဒီဗွီဘီက မေးမြန်းရာမှာ ဒေသခံတွေအနေနဲ့ ဥပဒေနဲ့အညီနေထိုင်ပါက စိုးရိမ်စရာမလိုဘူးလို့ ပြောပါတယ်။ “သူတို့လုပ်စရာရှိတာ လုပ်ကြမှာပေါ့ဗျာ၊ ဘာများသိချင်လို့လဲ၊ သူတို့ဥပဒေနဲ့အညီနေလို့ရှိရင် ဘယ်သူမှ ဘာမှစိုးရိမ်စရာမရှိဘူး” လို့ ပြောပါတယ်။ ကျောက်ဖြူမြို့နယ်မှာ တပ်မတော်က လုံခြုံရေးအရ ကျေးရွာတွေကို ဝင်ရောက်စစ်ဆေးကာ သံသယနဲ့ ဖမ်းဆီးခေါ်ဆောင်ပြီး ပြန်လွှတ်ပေးတာ ရှိသလို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ်ပြီး ရဲစခန်းကို လွှဲပြောင်းပေးတာတွေ ရှိနေပါတယ်။ အဲဒီထဲက ဖမ်းဆီးခံရသူတချို့နဲ့ အဆက်အသွယ်မရသေးတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။ အခုလို ဖမ်းဆီးခေါ်ဆောင်တာတွေကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်စားသောက်နေ ကြတဲ့ ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်ပြီး မလုပ်ရဲကြတော့ပဲ စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နောင်နောင်
2 years Ago

March 2, 2020

ရမ်းဗြဲတွင်  မိုင်းပေါက်ကွဲမှုဖြစ်၊ ဒေသခံအမျိုးသမီး ၂ ဦး ဖမ်းဆီးခေါ်ဆောင်ခံရ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ စစ်ပြားကျေးရွာနဲ့ ရမ်းသစ်ချေကျေးရွာကြားမှာ မတ် ၂ ရက်နေ့က တပ်မတော် စစ်ကြောင်းဖြတ်သွားပြီးနောက် ခဏအကြာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ရမ်းသစ်ချေကျေးရွာက အမျိုးသမီး ၂ ဦးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျေးရွာ ဒေသခံတွေက ပြောပါတယ်။ စစ်ပြားကျေးရွာနေဒေသခံတဦးက “စစ်တပ်ကရွာ ၂ ရွာမှာ အဖွဲ့ခွဲပြီး အိပ်ခဲ့ကြတယ်၊ တဖွဲ့ကတော့ မနက် ၇ နာရီလောက်မှာ ထွက်သွားကြတယ်၊ နောက်တဖွဲ့ကတော့ ၈ နာရီခွဲလောက်မှာ ထွက်သွားတယ်ပေါ့။ သူတို့ ရွာထဲဝင်ပြီး သွားကြတာပေါ့၊ သူတို့သွားပြီး သိပ်မကြာဘူး စစ်ပြားရွာနဲ့ ရမ်းသစ်ချေရွာကြားမှာ ပေါက်ကွဲမှုဖြစ်တယ်။ ဘာတိုက်ပွဲမှ မဖြစ်ဘူးပေါ့။ အဲဒီပေါက်ကွဲမှုဖြစ်ပြီးတော့ သိပ်မကြာဘူး၊ အဲဒီအနားမှာ ထင်းခွေနေတဲ့ အမျိုးသမီး ၂ ယောက်ကို ခေါ်သွားတယ်” လို့ ပြောပါတယ်။   အဲဒီလို ဖမ်းဆီးသွားတဲ့အတွက် ကျေးရွာတာဝန်ရှိသူတွေက ထောက်ခံစာနဲ့ သွားရောက်ဖြေရှင်းခဲ့ပေမယ့် မရဘဲ စစ်ဆေးဖို့အတွက် ခေါ်ဆောင်သွားတယ်လို့ ရမ်းသစ်ချေကျေးရွာနေ အမည်မဖော်လိုသူတဦးက ပြောပါတယ်။ “ရမ်းသစ်ချေကျေးရွာနဲ့ စစ်ပြားကျေးရွာကြားမှာ လက်နက်ကြီးပစ်သံလည်း တခေါက် နှစ်ခေါက်လောက် ကြားလိုက်ရတယ်၊ သေနတ်ပစ်သံတွေလည်း ကြားရတယ်၊ တိုက်ပွဲဖြစ်တာတော့ မဟုတ်လောက်ဘူး။ အဲဒီနားမှာ ထင်းခွဲနေတဲ့ အမျိုးသမီး ၂  ဦးပေါ့၊ သူတို့နယ်မြေရှင်းလင်းရေးလုပ်နေတဲ့အချိန် ဖြစ်လို့လားတော့မသိဘူး၊ ထိန်းသိမ်းထားတယ်လို့တော့ သိရတယ်။ ရွာလူကြီးနဲ့ ဒီကလူတွေ ထောက်ခံစာယူပြီးသွားတာတောင်မရဘူး၊ မြို့ကို စစ်ဆေးဖို့ ခေါ်သွားမယ်လို့တော့ သိရတယ်။” အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာမှာ ခရီးသွားနေတဲ့အတွက် ဖြစ်စဉ်အသေးစိတ်ကို မသိရှိဘဲ မိုင်းပေါက်ကွဲမှုလို့တော့ ကြားသိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
2 years Ago
Up