ဖမ်းခံရ

September 24, 2021

မအူပင်မြို့တွင် အန်အယ်လ်ဒီပါတီမြို့နယ်အလုပ်အမှုဆောင်အပါအဝင် လူငယ် ၁၀ ဦး အဖမ်းခံရ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မှာ စက်တင်ဘာ ၂၃ ရက် ညက အန်အယ်လ်ဒီပါတီရဲ့ မြို့နယ်အလုပ်မှုဆောင် မမီးလေး အပါဝင် လူငယ်  ၁၀ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။

တာတပေါကျေးရွာမှာနေထိုင်တဲ့ အန်အယ်လ်ဒီပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင် မမီးလေး အပါအဝင် လူငယ် ၁၀ ဦးကို မနေ့ည ၁၁ နာရီခွဲလောက်မှာ စစ်တပ်က အင်အား ၅၀ လောက်နဲ့ ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

"လက်နက်အပြည့်အစုံနဲ့ အင်အား ၅၀ လောက်နဲ့လာတာ။ အဖမ်းခံရတာ ၁၀ ယောက်ကျော်လောက်ရှိမယ်။ အဲ့မှာ ဆရာ ဆရာမတွေလည်း ပါသွားတယ်။ မမီးလေးအပြင်ပါတာကိုပြောတာ''လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ မမီးလေးရဲ့ အမျိုးသားဖြစ်သူကတော့ လာရောက်ဖမ်းဆီးချိန်မှာမရှိတာကြောင့် လွတ်မြောက်ခဲ့ပေမယ့် စစ်တပ်နဲ့ရဲက ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။

မမီးလေးအပါဝင် ဖမ်းဆီးခံရသူ ၁ဝ ဦးကို ဘယ်နေရာမှာ ဖမ်းဆီးခေါ်ဆောင်ထားတယ် ဘာကြောင့် ဖမ်းဆီးထားတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

မအူပင်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရပ်ရွာအကျိုးဆောင်ရွက်နေတဲ့ အပြစ်မဲ့ပြည်သူတချို့ကိုလည်း  အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားခဲ့ပြီး  စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မအူပင်မြို့မှာ ဖမ်းဆီးခံရတဲ့ ပြည်သူ  ၅၀ ကျော်ထိ ရှိလာပြီလို့ သိရပါတယ်။

2 months Ago

May 21, 2021

မြောင်မြို့နယ် ချောင်းဇင်းရွာသား ၁၀ ဦးကျော် ဖမ်းခံရ

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ထဲက ချောင်းဇင်းရွာကို မေ ၂၁ ရက်မနက် ၅ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေ ဝင်ရောက်ခဲ့ပြီး ရွာသား ၁၀ ယောက်ကျော်ကို ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။

ရွာသူရွာသား အများစုဟာ နေအိမ်တွေမှာ ရှိမနေဘဲ ရှောင်တိမ်းနေကြပေမဲ့ သတင်း အတိအကျနဲ့ ဝင်ရောက်ကာ ဖမ်းဆီးသွားတာလို့ ရွာခံတစ်ဦးက ပြောပါတယ်။

“မနက် ဝေလီဝေလင်းကြီး။ ရွာမရောက်ခင် ကားတွေကို ရပ်ခဲ့တာ။ သူတို့က ခြေလျင် ဝင်လာတာ။ ရွာမှာက ကျန်းမာရေးမကောင်းသူနဲ့ သက်ကြီးရွယ်အိုတချို့ပဲ နေတော့တာ။ အကုန်ရှောင်နေတယ်။ ဒါကို သတင်းအတိအကျနဲ့ ဝင်လာတဲ့သဘော။” 

ချောင်းဇင်းရွာရဲ့ တောင်ဘက် ခပ်လှမ်းလှမ်းမှာ ကာကွယ်ရေးအဖွဲ့ စခန်းချတဲ့နေရာရှိပြီး အဲ့ဒီနေရာကို မွှေနှောက်သွားကြတယ်လို့ သိရပါတယ်။

6 months Ago
More News
Up