ဖမ်းဆီးအရေးယူ

November 18, 2017

ဂန့်ဂေါမြို့ နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူများအားဖမ်းဆီးအရေးယူ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်မှာ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းက မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဂန့်ဂေါမြို့မစခန်းနဲ့ ရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေက ညောင်လယ်ကျေးရွာနေ ထွန်းဝင်း ရဲ့ နေအိမ်နှင့်ယာတဲ အနီးမှာ မူးယစ်ဆေးဝါးတွေ ဖြန့်ဖြူး ရောင်းချနေကြောင်းသတင်းအရ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူအမှုန့် အလေးချိန် (၀ ဒသမ ၂ ဂရမ်) ကာလတန်ဖိုး ကျပ် ၅၁၀၀၀၀ နဲ့ ဆေးဝါးရောင်းရငွေ ကျပ် ၃၂၀၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့ တာဖြစ်ပါတယ်။ ဆက်လက်စစ်ဆေးရာ ညောင်လယ်ကျေးရွာ အရှေ့ဘက် ၁ မိုင်အကွာရှိ သူ့ရဲ့ယာတဲ အနီးမှာ ရောင်းချဖို့အတွက် သိုဝှက်ထားတဲ့ အဖြူရောင်ပလတ်စတစ်အိတ် ၁ လုံးအတွင်းမှ အလေးချိန် (၀ ဒသမ ၃)ဂရမ်ပါ ဘိန်းဖြူ အမှုန့်တွေထည့်ထားတဲ့ ပုလင်း ၂၅ လုံး၊ ခန့်မှန်းကာလတန်ဖိုး ကျပ် ၇၅၀၀၀၀ တို့ကို ရဲကသိမ်းဆည်း ခဲ့ပါတယ်။ ဂန့်ဂေါမြို့မရဲစခန်းက မူးယစ်ဆေးဝါး လက်ဝယ်ထားရှိပြီး ဖြန့်ဖြူးရောင်းချသူ ထွန်းဝင်း ကို မူးယစ်(ပ)၃/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၁၉(က)/၂၀(က) တို့နဲ့ အမှုဖွင့်အရေးယူ ထားတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ-ယောသားလေး-သန်းဝင်းနိုင်
3 years Ago
Up