ဖမ်းဆီးရမိသည့် အိုက်စ် မူးယစ်ဆေးဝါးများ RCSS/SSA က နိုင်ငံတော်အစိုးရထံ အပ်​နှံ

May 8, 2019

ဖမ်းဆီးရမိသည့် အိုက်စ် မူးယစ်ဆေးဝါးများ RCSS/SSA က နိုင်ငံတော်အစိုးရထံ အပ်​နှံ

ရှမ်းပြည်​ ပြန်​လည်​ထူ​ထောင်​​ရေး​ကောင်​စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)က မိုင်းဆတ်​ခရိုင်​အတွင်းမှာ  ဧပြီ ၂၆ ရက်​​က မူးယစ်​​ဆေးသယ်​​ဆောင်​လာတဲ့ အဖွဲ့တ​ဖွဲ့နဲ့ တွေ့ဆုံ ပစ်​ခတ်​မှုဖြစ်​ပွားခဲ့ပြီး သိမ်းဆည်းရမိခဲ့တဲ့ အိုက်စ် မူးယစ်​​ဆေးဝါး ၃၀ ကီလို (တန်​ဖိုးကျပ်​သိန်း​ ၆၀၀၀)လောက်ကို ဒီ​နေ့ မနက် နိုင်​ငံ​တော်​ကို အပ်​နှံ​ခဲ့ပါတယ်​။ RCSS မူးယစ်​​ဆေးဝါးတိုက်​ဖျက်​​ရေးဌာနကြီးမှူး ဒု​ဗိုလ်​မှူးကြီးစိုင်းဟန်​က​ “ကျနော်​တို့ တပ်​မဟာ (၇၂၇) လက်​​အောက်​ခံ တပ်​ရင်း (၄၅၃)က နယ်​​မြေလှုပ်​ရှား​နေတဲ့ အဖွဲ့ငယ်​တ​ဖွဲ့နဲ့ တားဆီးစစ်​​ဆေးရာက​နေ မူးယစ်​​ဆေးဝါးသယ်​​ဆောင်​လာတဲ့ အဖွဲ့နဲ့ ထိ​တွေ့ ပစ်​ခတ်​မှုဖြစ်​ပြီး ဒီပစ္စည်း​တွေကို သိမ်းဆည်းရမိခဲ့ပြီး နိုင်​ငံ​တော်​အစိုးရကိုလွှဲအပ်​​ပေးတာပါ" လို့ ပြောပါတယ်​။ မိုင်းဆတ်​မြို့နယ်​နဲ့ မိုင်းတုံမြို့နယ်​အကြား ​ဒေသအ​ခေါ် တာမိန်းမွန်း ကူးတို့ဆိပ်​အနီးမှာ ဧပြီ ၂၆ ရက်​​ မနက်​က မူးယစ်​​ဆေးဝါးသယ်​​ဆောင်​လာတဲ့ အဖွဲ့တ​ဖွဲ့နဲ့ RCSS တပ်​ဖွဲ့တို့​ တွေ့ဆုံပစ်​ခတ်​ရာက  မူးယစ်​​ဆေးဝါး​တွေ ဖမ်းဆီးရမိခဲ့တာပါ။ "ကျနော်​တို့က ​ဒေသတွင်းမှာ မူးယစ်​​ဆေးဝါး ထိန်းချုပ်​​လျော့ချ​ရေး​တွေ လုပ်​​နေသလို လက်​လှမ်းမီရာ​နေရာ​တွေနဲ့ ဌာနချုပ်​မှာလည်း မူးယစ်​​ဆေးဖြတ်​​ပေး​နေတာ​တွေလည်း လုပ်​​နေ တာပါ။ အန်စီအေသ​ဘောတူညီချက်​ပါ မူးယစ်​​ဆေးဝါးပူး​ပေါင်း ထိန်းချုပ်​​ရေး အစီအမံအတိုင်း​ ဆောင်​ရွက်​​နေတာဖြစ်​ပါတယ်​" လို့ ဒုဗိုလ်​မှူးကြီးစိုင်းဟန်​က ပြောပါတယ်​။ အဆိုပါ မူးယစ်​​ဆေးဝါးတွေ လွှဲ​ပြောင်းအပ်​နှံ​ပေးတဲ့ အခမ်းအနားကို RCSS တပ်​မဟာ (၇၂၇) တပ်​မဟာမှူး ဗိုလ်​မှူးကြီးတင်း​ခေးနဲ့ ဆက်​ဆံ​ရေးအရာရှိတွေ၊ မိုင်းဆတ်​ခရိုင်​ရဲတပ်​ဖွဲ့မှူး ဒုရဲမှူးကြီး​စော​ဇေယျာလင်းနဲ့ ရဲအရာရှိတွေ၊ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦး​နေ​အောင်​နဲ့ ရပ်​ကျေး အုပ်​ချုပ်​​ရေးမှူးတွေအပြင် ရပ်​မိရပ်​ဖတွေ တက်​​ရောက်​ခဲ့ကြပါတယ်​။ သတင်း - ​အောင်​​ဇေယျ
2 years Ago
Up