ဖမ်းမိငါးကို

October 15, 2017

ဖမ်းမိငါးကို နမ်းလိုက်စဉ် လည်မျိုတွင်းဝင်ပြီး လေရှူပေါက် ပိတ်မိ (ရုပ်သံ)

တံငါသည်တဦးဟာ သူဖမ်းမိထားတဲ့ ငါးကိုနမ်းလိုက်စဉ် ငါးက လက်ထဲကနေလွတ်ပြီး လည်းချောင်းတွင်းဝင်ကာ လေရှူပေါက်ကို ပိတ်မိသွားမှု ဖြစ်ခဲ့ပါတယ်။ အဲဒီတံငါသည်က အောက်တိုဘာ ၅  ရက်နေ့က အင်္ဂလန်နိုင်ငံတောင်ပိုင်း ဘန်းနမက်(စ်) (Bournemouth) ကမ်းခြေကဘော့စ်ကမ် (Boscombe) တံတားပေါ်မှာ သူဖမ်းမိတဲ့ငါးကို  နမ်းလိုက်စဉ် ငါးက လည်မျိုထဲဝင်သွားပြီး လေရှူပါက်ပိတ်မိခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်း ရောက်မလာခင်မှာ သူငယ်ချင်းတွေက ငါးကိုပြန်ထုတ်ဖို့ သတိထားပြီး လုပ်ခဲ့ကြပါသေးတယ်။ ကျန်းမာရေးဝန်ထမ်းက သူ့ရဲ့ ၁၇ နှစ်တာ သက်တမ်းအတွင်း ဒီလိုမျိုး တခါမှ မကြုံဖူးတဲ့အကြောင်း ပြောခဲ့ပါတယ်။
4 years Ago
Up