ဖမ်းဆီးထောင်ပို့

January 6, 2018

ကေအန်ပီပီ ရဲဘော်အချို့ အသတ်ခံရမှု အမှုမှန်ပေါ်ရေး ဆန္ဒပြသူများကို ဖမ်းဆီးထောင်ပို့

ကေအန်ပီပီရဲဘော်တွေနဲ့ ရွာသားတယောက်ကို တပ်မတော်က ဖမ်းဆီး သတ်ဖြတ်ခဲ့လို့ အမြန်ဆုံးဖော်ထုတ်အရေးယူဖို့ တောင်းဆိုဆန္ဒပြသူတွေကို တရားစွဲ ထောင်ချုပ်ကို ပို့လိုက်သလို ဒါနဲ့ပတ်သက်ပြီး မနေ့က လွိုင်ကော်မှာ ဆန္ဒပြခဲ့ကြပါတယ်။ ကရင်​နီ လူထု ၁၀၀၀ ​လောက်​က လွိုင်​​ကော်​မြို့တွင်း၊ ကယားပြည်​နယ်​ အစိုးရရုံးနဲ့ လွှတ်​​တော်​ရုံးရှေ့​တွေမှာ စီတန်းလှည့်လည်​ ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူတယောက်ဖြစ်တဲ့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက “ဖမ်းဆီးထောင်ချတာကို ချက်ချင်းရပ်ပေးပါ။ အစိုးရအနေနဲ့ ပြည်သူတွေကို အကာကွယ်ပေးရမယ့် ဝတ္တရားကို ချက်ချင်း တာဝန်ယူပေးပါ။ အခု ကျနော်တို့ ဆန္ဒဖော်ထုတ်တာကို အိမ်ပေါ်မှာ၊ ရုံးခန်းထဲမှာ လေအေးစက်တွေနဲ့ ထိုင်ပြီး နားထောင်နေဖို့၊ သုံးသပ်နေဖို့ မဟုတ်ဘူး” လို့ ပြောပါတယ်။ တရားစွဲခံထားရတဲ့ လူငယ်​ ၅ ယောက်ကို ဆန္ဒပြပွဲမှာ ပါဝင်​သူ​တွေက တရားရုံးကို ပို့​​ဆောင်​​​​ခဲ့​ကြပါတယ်။ လွိုင်​​ကော်​မြို့နယ်​ တရားရုံးကနေ လွိုင်ကော်ထောင်မှာ ဖမ်းချုပ်ထားဖို့ ဆုံးဖြတ်လိုက်ပြီး ဇန်​နဝါရီ ၈ ရက်​​နေ့မှာ ရုံးချိန်းထပ်ခေါ်ထားပါတယ်။ ဒီဇင်​ဘာ ၂၂ ရက်​​နေ့က ​ကေအန်​ပီပီရဲ​ဘော်​ သုံးယောက်နဲ့ အရပ်​သားတယောက် ​ဖမ်းဆီးသတ်ဖြတ်ခံရတာကို ရှုတ်ချပြီး အမှုအမြန်ပေါ်ဖို့ တောင်းဆိုဆန္ဒပြတာဟာ ကြိုတင် အသိမပေးတာကြောင့်  ငြိမ်းစုစီ ပုဒ်​မ ၁၉ နဲ့ ဦး​ဆောင်​သူ  ၅ ယောက်ကို တရားစွဲဆိုထားတာပါ။ ခွန်းတူးတူး​လေး
4 years Ago
Up