ဖမ်းဆီးရမိ

A d v e r t i s e m e n t With Us

January 27, 2018

ချောက်မြို့တွင် တရားမ၀င် ပိတောက်သစ်ခွဲသားများ ဖမ်းဆီးရမိ

ချောက်​မြို့နယ်​၊ ​​ချောက်​​ဂွေးချိုကားလမ်း လိမ်​​ဂွေမှာ စက်​ပိက်​ပြီးရပ်​ထား​တဲ့ ၂၂ ဘီးယဉ်​ကို မသင်္ကာလို့ စစ်​​ဆေးရာမှ တရားမဝင်​ ပိ​တောက်​သား ၁၃ တန်​​ကျော်​ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ​ချောက်​၊ ​ဂွေးချိုကားလမ်း မိုင်​တိုင်​ ၄၀၄.၁ မိုင်​တိုင်​ အတက်​မှာ  စက်​ပျက်​လို့ ရပ်​ထား​တဲ့ ၂၂ ဘီး တွဲကားကို ​ချောက်​မြို့နယ်​ ရဲမှူး​အေးလွင်​နဲ့အဖွဲ့၊ ချောက်​မြို့နယ်​ သစ်​​တောဦးစီးတို့ ပူ​ပေါင်းပြီး စစ်​​ဆေးရာ တရာမဝင်း ပိ​တောက်​သားတွေ စစ်​​ဆေး​တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ကားပေါ်မှာ ယဉ်​​မောင်းနဲ့ ယဉ်​​နောက်​လိုက်​ မ​တွေ့ရှိရဘဲ ​ချောက်​မြို့မရဲ့စခန်း ဒုစခန်းမှူး ရဲအုပ်​ ထွန်းဦးဝင်းက စစ်ဆေးအရေးယူမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ကိုလင်း(​ချောက်​)
3 years Ago

December 15, 2017

ထိုင်းတွင် မြန်မာဟု သံသယရှိသူ အမျိုးသား ၂ ဦးထံမှ စိတ်ကြွမူးယစ်ဆေးပြား ၅ သန်းကျော် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေလို့ သံသယရှိတဲ့ အမျိုးသား ၂ ဦးကို စိတ်ကြွမူးယစ်ဆေးပြား ၅ ဒသမ ၄ သန်းကျော်၊ အိုက်စ်မူးယစ်ဆေးဝါး ၁၂၀ ကီလိုဂရမ်တို့နဲ့အတူ လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၁၃ ရက် ည ၁၁ နာရီခွဲလောက်မှာ နွန်ထဘူရီခရိုင်၊ ခရူရိုင်-ဆိုင်နွိုင်လမ်းမကြီးပေါ်က အိမ်အမှတ် ၆၄/၁၅၇ ကို စီးနင်းရှာဖွေချိန်မှာ ခုလိုဖမ်းမိခဲ့တာလို့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ အမျိုးသားရဲချုပ် ချက်က်သစ်ပ် ချိုင်ဂျင်ဒါက ပြောပါတယ်။ ပွန်သက်မီးနက်နဲ့ အိခ်လို့ ဖော်ပြတဲ့ တရားခံအမျိုးသား ၂ ဦးဟာ ငှားရမ်းထားတဲ့ နေအိမ်မှာ မူးယစ်ဆေးဝါးတွေ သိုလှောင်ထားပြီး ဘန်ကောက်မြို့နဲ့ အနီးဝန်းကျင် ခရိုင်တွေအတွင်း မူးယစ်ဆေးဝါး အဓိကရောင်းချသူတွေဖြစ်တယ်လို့ရဲကဆိုပါတယ်။ ဖမ်းမိတဲ့ညကတော့ သူတို့ ၂ ဦးဟာ နောက်ဘက်အလုံပိတ်ထားတဲ့ ကားတစီးနဲ့ အိမ်ရှေ့ကို ရောက်လာခဲ့ပြီး ကားထဲက ပလတ်စတစ်အိတ် အနက်တွေကို အိမ်ထဲသွင်းခဲ့ကြတာ စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။ ရဲတွေ သွားရောက်စစ်ဆေးချိန်မှာတော့ ကားအတွင်းမှ စိတ်ကြွမူးယစ်ဆေးပြား ၂ သန်းခွဲနဲ့ အိမ်တွင်းမှာ နောက်ထပ် ဆေးပြား ၂ ဒသမ ၈၇ သန်းကျော်ကို ဖမ်းဆီးရမိခဲ့ကာ အိုက်စ်မူးယစ်ဆေးဝါး ၁၂၀ ကီလိုဂရမ်ကိုပါ သိမ်းဆည်းနိုင်ခဲ့တာပါ။ သူတို့ ၂ ဦးဟာ ကျောင်းနေဘက် သူငယ်ချင်းတွေ ဖြစ်ကြတယ်လို့ ရဲတွေကို ဖြောင့်ချက်ပေးခဲ့ကြတာပါ။ ရဲချုပ် ချက်က်သစ်ပ်ကတော့ ဒီမူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံ၊ ဝဒေသဘက်မှ တင်သွင်းလာတာ ဖြစ်နိုင်တယ်လို့ ယူဆနေပြီး သူတို့ ၂ ဦးထဲက တဦးဟာ ၂၀၁၂ ခုနှစ်မှာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ကျဖူးသူဖြစ်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ၃ ပတ်ကျော်ကာလကလည်း တန်ဖိုးဘတ်ငွေ ၄ ဘီလီယံ တန်ကြေးရှိ စိတ်ကြွမူးယစ်ဆေးပြား ၂၆ သန်းနဲ့ တန်ဖိုးဘတ်ငွေ သန်း ၁၃၀ တန်ကြေးရှိတဲ့ အိုက်စ်မူးယစ်ဆေးဝါး ၁၃၀ ကီလိုဂရမ်ကို ရဲတွေက ဖမ်းမိထားခဲ့သေးတယ်လို့ ရဲချုပ် ချက်က်သစ်ပ်က ဆိုပါတယ်။
3 years Ago
More News
Up