ဖမ်းဆီးထားသည့် အမေရိကန် ရေတပ်သင်္ဘော ၂ စီး အီရန် ပြန်လွှတ်

January 14, 2016

ဖမ်းဆီးထားသည့် အမေရိကန် ရေတပ်သင်္ဘော ၂ စီး အီရန် ပြန်လွှတ်

အီရန်ရေပိုင်နက်ထဲ ဖြတ်ကျော်ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံခဲ့ကြရတဲ့ အမေရိကန်ရေတပ် တပ်ဖွဲ့ဝင်တွေကို အီရန်နိုင်ငံက ပြန်လွှတ်ပေးလိုက်ပါတယ်။ အခုလို အမေရိကန်တပ်ဖွဲ့ဝင်တွေ အီရန်နိုင်ငံက ဖမ်းဆီးရမိပြီး ပြန်လွှတ်ပေးလိုက်တဲ့ကိစ္စဟာ အမေရိကန်နဲ့ အီရန် ဆက်ဆံရေးသစ် ဘယ်လောက်တိုးတက်မှု ရှိလဲဆိုတာ စမ်းသပ်မှုတခု ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ရေးလေ့ကျင့်မှုတခုအတွင်း အမေရိကန် ရေတပ်သင်္ဘော ၂ စီး အီရန်ရေပိုင်နက်ထဲ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၂ ရက်နေ့က ၀င်ရောက်သွားခဲ့ပြီး အချိန်တိုအတွင်း ပြန်လွှတ်ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ရှိတယ်လို့ အမေရိကန်နိုင်ငံက ထုတ်ဖော်ပြောဆိုပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်တွေက တောင်းပန်လို့ နိုင်ငံတကာ ရေပိုင်နက်ထဲ ပြန်လွှတ်ပေးလိုက်တယ်လို့ အီရန်အစိုးရပိုင် သတင်းဌာနက ကြေညာပေမယ့် အမေရိကန်အိမ်ဖြူတော် အာဏာပိုင်တွေကတော့ အမေရိကန်အစိုးရ အနေနဲ့ တရားဝင် တောင်းပန်စာတွေ မထုတ်ပြန်ခဲ့ဘူးလို့ ပြောဆိုပါတယ်။ အမေရိကန် တပ်ဖွဲ့ဝင်တွေ မရည်ရွယ်ဘဲ ကျူးကျော်ဝင်ရောက်မှုဖြစ်တယ်လို့ အီရန်စစ်တပ် ထုတ်ပြန်ချက်ကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာနက ပြောပါတယ်။
6 years Ago
Up