ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သားကို မြန်မာ ပြန်လွှဲပေး

July 11, 2015

ဘင်္ဂလားဒေ့ရှ် အ၀တ်အစားပေးလှူပွဲ တိုးကြိတ်နင်းမိမှုကြောင့် ၂၃ ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်းက မိုင်မန်ဆင်း Mymensinghon မြို့ ရာမဒါန်ဥပုသ်လ အ၀တ်အစားပေးလှူပွဲတခုမှာ ဇူလိုင် ၁၀ ရက်နေ့က လူတွေတိုးကြိတ်နင်းမိတာကြောင့် လူအနည်းဆုံး ၂၃ ဦး သေဆုံးခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မနက် ၅ နာရီ အ၀တ်အစားတွေပေးဝေတဲ့ ဆေးရွက်ကြီး စက်ရုံဂိတ်ပေါက်ဖွင့်တဲ့အချိန်မှာ လူတွေ ၀ိုင်းပြုံတိုးကြရင်း အခုလိုသေဆုံးရတာလို့ ရဲတပ်ဖွဲ့က ပြောဆိုပြီး လူအယောက် ၅၀ လည်း ထိခိုက်ဒဏ်ရရခဲ့ကြပါတယ်။ စက်ရုံပိုင်ရှင်အပါအ၀င် လူ ၇ ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခုလိုရာမဒန် မွတ်စလင်ဥပုသ်လမှာ ချမ်းသာကြွယ်ဝသူတွေက ဆင်းရဲသူတွေကို အခုလိုအ၀တ်အထည်တွေ ပေးဝေလေ့ရှိတာပါ။ အ၀တ်အစားတွေ အခမဲ့ပေးဝေတဲ့ မနက်က အ၀တ်အစားတွေရဖို့ စောင့်ဆိုင်းကြသူ အယောက် ၁၅၀၀ လောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူအများစုဟာ အင်အားချည့်နဲ့သူ ဆင်းရဲသူအမျိုးသမီးတွေ ဖြစ်တယ်လို့လည်း ရဲကပြောဆိုပါတယ်။ နောက်ထပ်သေဆုံးသူဦးရေ ထပ်တိုးလာနိုင်တယ်လို့လည်း ရဲတပ်ဖွဲက ပြောဆိုပါတယ်။  
6 years Ago

June 26, 2015

ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သားကို မြန်မာ ပြန်လွှဲပေး

မြန်မာနယ်ခြားစောင့်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်လုံခြုံရေး တပ်ဖွဲ့ဝင်တဦးကို တဖက်နိုင်ငံ ပြန်လွှဲပေးလိုက်ပြီလို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန် ကြေညာပါတယ်။ မြန်မာဘက်ခြမ်း ရခိုင်ပြည်နယ် မောင်တောမြို့အနီး မြန်မာ့ရေပိုင်နက်ထဲကို ကျူးကျော် ၀င်ရောက်မှုနဲ့ ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်သား နာရခ် အဗ္ဗဒူ ရာဇတ်ကို ဇွန်လ ၂၅ ရက်နေ့က လွှဲပေးလိုက်တာပါ။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးတင်မောင်ဆွေက  “မနေ့ညနေပိုင်းက လွှဲပေးပြီးသွားပြီ။ နယ်စပ်ကနေ ဟိုဘက်က နယ်စပ်နဲ့ ချိတ်ဆက်ပြီးတော့ ပြန်လွှတ်ပေးလိုက်ပါပြီ။ ကျနော်တို့ နိုင်ငံခြားရေးဝန်းကြီးဌာန အချင်းချင်းပြောဆိုပြီးတော့ အောက်ခြေမှာ လွှဲပြောင်းပေးလိုက်တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် နတ်မြစ်ဝ  မြန်မာ့ပိုင်နက်အတွင်းကို ဇွန်လ ၁၇ ရက်နေ့က ကျူးကျော်ဝင်ရောက်လာပြီး စတင်ပစ်ခတ်ခဲ့တဲ့အတွက် မြန်မာ့နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး ဒီပစ်ခတ်မှုမှာ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦးနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦး ဒဏ်ရာရသွားခဲ့ပါတယ်။ မြန်မာနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနဲ့ အိမ်နီးချင်းကောင်း ပီသမှုအပေါ်အခြေခံပြီး မြန်မာအာဏာပိုင်တွေကဘင်္ဂလားဒေ့ရှ်ဘက်ကို  ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့တာဖြစ်တာလို့ ဖော်ပြထားပါတယ်။
6 years Ago
Up