ဖန်တီး

February 1, 2018

အကြွေစေ့ ရာချီအသုံးပြု၍ ထရမ့်ပုံတူပန်းချီ ဖန်တီး

ယူကရိန်း အနုပညာရှင်နှစ်ဦးဟာ အကြွေစေ့တွေနဲ့ တန်ဆာဆင်ထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပုံတူပန်းချှီကို နယူးယောက်မြို့မှာ ပွဲထုတ်ပြသခဲ့ပါတယ်။ ဇန်န၀ါရီ ၃၁ ရက်က ယူကရိန်း အနုပညာရှင်နှစ်ဦး ဖြစ်ကြတဲ့ ဒိုးဒါရီယာမာချန်ကိုနဲ့ ဒန်နီရယ်ဒီဂရင်း တို့ဟာ အမေရိကန် အကြွေစေ့ ရာနဲ့ချီ အသုံးပြုပြီး သမ္မတ ထရမ့် ပုံတူပန်းချီကို တန်ဆာဆင်ခဲ့ပါတယ်။ အနုပညာဖန်တီးရှင် ဒါရီယာမာချန်ကို က “သမ္မတ ထရမ့်ကို ငွေနဲ့ ဖန်တီးထားတာပါ။ အကြွေစေ့တွေပေါ်မှာ လူမျက်နှာတွေ အများကြီး တွေ့ရတယ်။ သမ္မတ မျက်နှာတွေကို တွေ့ရတယ်။ ဒါဟာ သူတို့ရဲ့ ဂုဏ်သိက္ခာကြောင့် ငွေပေါ်မှာ သူတို့ရဲ့မျက်နှာတွေကို မြင်တွေ့ရတာပါ။ ဒါဟာ နိုင်ငံရဲ့ အမှတ်လက္ခဏာပါ။ ဆိုလိုတာက ငွေဟာ ဂုဏ်သိက္ခာပေါ်မှာ အခြေခံပါတယ်။ ဂုဏ်သိက္ခာက ငွေပေါ်မှာ အခြေမခံပါဘူး” လို့ ပြောခဲ့ပါတယ်။ အနုပညာရှင် ဒန်နီယယ်ဒီရင်းကလည်း “အဓိပ္ပာယ်က နက်နည်းပါတယ်။ ခင်ဗျားဟာ ချမ်းသာပေမယ့် တချိန်တည်းမှာပဲ တန်ဖိုးမဲ့နိုင်ပါတယ်။ ခင်ဗျား ဒေါ်လာ ဘီလီယံချီ ချမ်းသာလည်း အနေအထိုင် မမှန်ရင် ကြီးမြတ်တဲ့လူ မဖြစ်နိုင်ပါဘူး။ ခင်ဗျား ကမ္ဘာမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေလည်း  အနေအထိုင်မတတ် အပေါစားပါပဲ။ လူ့ဂွစာကြီး ဖြစ်ပါတယ်။ ဒါကြောင့် အသေးဆုံး အကြွေစေ့တွေနဲ့ ဖန်တီးတာပါ။ အကြွေစေ့တစ်စေ့ဟာ  သူရဲ့ကိုယ်ရည်ကိုယ်သွေးကို ပြသပါတယ်” လို့ ပြောခဲ့ပါတယ်။ အဲဒီပြခန်းမှာပဲ “စစ်ရဲ့မျက်နှာ”လို့ အမည်ပေးထားတဲ့  အနုပညာလက်ရာကို ပြသထားပါတယ်။ အဲဒီပန်းချီကားကတော့ ရုရှားသမ္မတ  ပူတင်ကို ယူကရိန်း အရှေ့ပိုင်း ရှေ့တန်းတနေရာက ရခဲ့တဲ့ကျည်ခွံ ၅၀၀၀ နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။
3 years Ago
Up