ဖဒိုမြို့

March 27, 2021

ဖဒိုမြို့၌ အကြမ်းဖက်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးကျဆုံးပြီး ၇ ဦးထက်နည်း ဒဏ်ရာရ

ပဲခူးတိုင်း ဖဒိုမြို့မှာ မတ်လ ၂၇  ရက် ဒီနေ့မနက်  ၉ နာရီလောက်က  လမ်းလျှောက် ဆန္ဒပြ တဲ့ ပြည်သူတွေကို ဖဒိုရဲစခန်းအတွင်းမှ သေနတ်နဲ့  လှမ်းပစ်လို့ ဦးရေဂင် (ခ) စောအယ်မူးပွဲ အသက် (၅၂နှစ်) နေရာမှာတင်  ကျဆုံးသွားပြီး ခြေထောက်၊ လက်၊ ရင်ဘက်မှာ ဒဏ်ရာရသူ ၇ ဦး လောက် ရှိနေပါတယ်။

ဒဏ်ရာရသူတွေကို ဖဒို ဆေးရုံနဲ့ ပိန်းဇလုပ်ဆေးရုံကို ပို့ထားကြောင်း သိရပါတယ်။ ယနေ့ ပဲခူးတိုင်းအရှေ့ ကျောက်တံခါးမြို့နယ် ဖဒို ၊ ပဲနွယ်ကုန်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့်  ကျဆုံးသူ ပြည်သူ  အနည်းဆုံး  ၂ ဦး ရှိပါတယ်။

8 months Ago
Up