ဖင်လန်

A d v e r t i s e m e n t With Us

March 24, 2019

အီတလီက ဖင်လန်ကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု (ဂျေ)မှာ အီတလီက ဖင်လန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။ အီတလီအတွက် အဖွင့်ဂိုးကို ပွဲအစ ၇ မိနစ်မှာ ဘာရယ်လာက သွင်းယူပါတယ်။ အိမ်ကွင်းမှာ အီတလီကပဲ ခြေအသာ၊ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားသွားပြီး  သက်တောင့်သက်သာနဲ့ ဖင်လန်ကို အနိုင်ယူသွားတာပါ။ ဒုတိယဂိုးကို ၇၄ မိနစ်မှာ ဂျုဗင်တပ် ဆက်ကျော်သက် တိုက်စစ်မှူး ကိန်းက သွင်းယူပါတယ်။ ဖင်လန်အသင်း တိုက်စစ်မှူး ပတ်ကီ အကောင်းဆုံး အခွင့်အရေး ရပေမယ့် အသုံးမချနိုင်လို့ ချေပဂိုးနဲ့ လွဲခဲ့ရပါတယ်။ အီတလီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက ခြေစစ်ပွဲ မအောင်တဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒီပွဲနိုင်တဲ့ အီတလီက အုပ်စု (ဂျေ) မှာ ၃ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
2 years Ago

March 21, 2019

ကမ္ဘာ့အပျော်ဆုံးနိုင်ငံအဖြစ် ဖင်လန်နိုင်ငံ ၂ နှစ်ဆက်တိုက် သတ်မှတ်ခံရ

ဖင်လန်နိုင်ငံဟာ ကမ္ဘာ့အပျော်ဆုံးနိုင်ငံအဖြစ် ၂ နှစ်ဆက်တိုက် သတ်မှတ်ခံခဲ့ရပါတယ်။ ကုလသမဂ္ဂ  ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြေရှင်းရေးကွန်ရက် (SDSN) အဖွဲ့က မတ်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ ၂၀၁၉ ကမ္ဘာ့အပျော်ဆုံးနိုင်ငံများ အစီရင်ခံစာမှာ ဖင်လန်နိုင်ငံကို ဖော်ပြခဲ့တာပါ။ ဖင်လန်နိုင်ငံဟာ ၂၀၁၈ ခုနှစ်ကလည်း ကမ္ဘာ့အပျော်ဆုံးနိုင်ငံအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ လူမှုဖူလုံရေး အထောက်အပံ့၊ လူတဦးချင်းစီရဲ့ ပြည်တွင်း အသားတင် ထုတ်ကုန်ပမာဏ၊ လူမှုအသိုင်းအဝိုင်းပံ့ပိုးမှု၊ ကျန်းမာပျော်ရွှင်တဲ့ လူမှုဘဝ၊ လူမှုဝန်းကျင် လွတ်လပ်ခွင့်၊ စိတ်သဘောထားကြီးခြင်းနဲ့ အကျင့်ပျက်ခြစားမှု မရှိခြင်း စတဲ့ အချက်အလက်တွေကို အခြေခံပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၅၆ နိုင်ငံကို အစဉ်လိုက် စာရင်းပြုစုထားတာပါ။ ဖင်လန်၊ ဒိန်းမတ်၊ နော်ဝေ၊ အိုက်စ်လန်၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ နယူးဇီလန်၊ ကနေဒါနဲ့ သြစတြီးယားက ကမ္ဘာ့အပျော်ဆုံးနိုင်ငံများ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းမှာ အစဉ်လိုက် ရပ်တည်နေကြပါတယ်။ ကမ္ဘာ့ပျော်ရွှင်မှု အနည်းဆုံးနိုင်ငံတွေ စာရင်းမှာတော့ တောင်ဆူဒန်နိုင်ငံက နံပါတ်တစ် နေရာမှာ ရှိနေပြီး ဗဟိုအာဖရိက က နံပါတ်နှစ်၊ အာဖဂန်နစ္စတန်က နံပါတ်သုံး၊ တန်ဇန်းနီးယားက နံပါတ်လေးနဲ့ ရဝမ်ဒါက နံပါတ်ငါးနေရာမှာ ရပ်တည်နေကြပါတယ်။
2 years Ago
More News
Up