ဖခင်နှင့် မိထွေး

A d v e r t i s e m e n t With Us

December 30, 2019

၅ နှစ်အရွယ် ကလေးငယ်အား ညှဉ်းပန်းရိုက်နှက်သည့် ဖခင်နှင့် မိထွေးတို့ကို ရွှေကျင်ရဲစခန်း အရေးယူ

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ ဖခင်အရင်းနဲ့ မိထွေးဖြစ်သူတို့က ၅ နှစ်အရွယ် သားငယ်လေးကို  ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခဲ့တာကြောင့် ကလေးသူငယ်အခွင့်အ​ရေးဆိုင်ရာ ဥပဒေနဲ့ ဒီဇင်ဘာ ၂၉ ရက်က အမှုဖွင့်ထားတယ်လို့ မြို့မစခန်းက သိရပါတယ်။ ရွှေကျင်မြို့နယ်၊ အထက်မင်းဇောင်းကျေး​ရွာနေ မောင်သန့်ဇင်အောင် ၅ နှစ်ဟာ နို့ဆီနဲ့ သ​ကြားခိုးစားလို့ဆိုပြီး ဖခင်​ အောင်​အောင်နဲ့ မိထွေးသင်းသင်းခိုင်တို့က တုတ်နဲ့ရော လက်နဲ့ပါ လေးငါးရက်လောက် နေ့စဉ် ရိုက်နှက်ခဲ့တာ ​ဖြစ်ပါတယ်။ ရိုက်နှက်မှုကြောင့်​ မောင်သန့်ဇင်​အောင်ဟာ နဖူး ဖူး​ရောင်ဒဏ်ရာ၊ မျက်လုံးညိုမဲဒဏ်ရာ၊ ပါးမှာ ဖူး​ရောင်ဒဏ်ရာ၊​ နောက်​ကျောဖူးရောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး ရွှေကျင်မြို့ ခုတင် ၁၀၀ ဆေးရုံကြီးမှာ အတွင်းလူနာ (စိုးရိမ်ရ) အနေနဲ့ တက်​ရောက်ကုသ​နေရပါတယ်။ ​​​​ရွှေကျင်​မြို့ တိုင်း​ဒေသ​ကြီးလွှတ်​တော် ကိုယ်စားလှယ်​ဒေါ်လှလှဝင်းက​ “ကျမတို့ ကလေးငယ်အတွက် တတ်နိုင်သ​လောက် ကူညီ​ထောက်ပံ့မှု​တွေ ပြုလုပ်ပေးနေပါတယ်။ လက်ရှိမှာ ကလေးဒဏ်ရာအ​ခြေအနေက​ တော်​တော်ဆိုးသွားတယ်။ စိတ်ဒဏ်ရာလည်း ​တော်​တော်ရ​နေတယ်။ မ​သေတာ ကံ​ကောင်းလို့လေ၊ ဒီ​လောက်ထိ မလုပ်သင့်ဘူး”လို့ ပြောပါတယ်၊ အသက် ၅ နှစ်အရွယ်​ လူမမည်ကလေးကို ညှဉ်းပန်းနှိပ်စက်ခဲ့တာနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူ​ အောင်အောင်နဲ့ မိထွေး သင်းသင်းခိုင်တို့ကို ရွှေကျင်​မြို့မရဲစခန်းက ကလေးသူငယ် အခွင့်အ​ရေးဆိုင်ရာ ဥပ​ဒေပုဒ်မ ၁၀၃(က) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ နေလင်းထိုက်
1 year Ago
Up