ဖခင်ဖြစ်သူက

October 26, 2016

ဖခင်ဖြစ်သူက ကလေးငယ်နှစ်ဦးနဲ့အတူ တံတားပေါ်က ခုန်ချ (ရုပ်သံ)

အမေရိကန် ပြည်ထောင်စု နယူးဂျက်စီ ပြည်နယ် ၀မ်းနက်ခ်ျမြို့ တံတားပေါ်ကနေ မြစ်ထဲကို အောက်တိုဘာ ၂၄ ရက်နေ့ သားအဖ သုံးယောက် ခုန်ဆင်းခဲ့ရာမှာ အဖေက ကွယ်လွန်သွားပြီး သားနှစ်ယောက် ဒဏ်ရာ အပြင်းအထန် ရရှိသွားပါတယ်။ အဖေ ဖြစ်သူက ၂ နှစ်အရွယ်နဲ့ ၄ နှစ်အရွယ် သား ၂ ယောက်ကို တပါတည်း တွဲခေါ်ပြီး တံတားပေါ်ကနေ ခုန်ချခဲ့တာလို့ NBC သတင်းက ဆိုပါတယ်။ ရဲတွေက ကလေးတွေကို ရေထဲကနေ ဆယ်ယူခဲ့ပြီး ဆေးရုံကို အချိန်မီ ပို့လိုက်နိုင်လို့ အသက်အန္တရယ် စိုးရိမ်ရတဲ့ အခြေအနေ မရှိတော့ပါဘူး။ သေဆုံးသွားတဲ့အမျိုးသားရဲ့ နာမည်ကိုမသိရပေမယ့် သူဟာ အိမ်မှာ ဇနီးဖြစ်သူနဲ့ ကတောက်ကဆ ဖြစ်ခဲ့တယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။
6 years Ago
Up