ဖခင်ဖြစ်ဖို့

September 10, 2017

ဖခင်ဖြစ်ဖို့ အဆင်သင့်မဖြစ်သေးလို့ဆိုပြီး ကိုယ်ဝန်ဆောင်ရည်းစားအား မီးရှို့သူကိုဖမ်းဆီး

ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကို ရည်းစားဖြစ်သူက ဂက်စ်ဖြန်းပြီး မီးရှို့မှုဖြစ်ခဲ့လို့ အမျိုးသမီး မခံမရပ်နိုင်အောင် နာကျင်မှုဖြစ်ပြီး ကလေးမွေးဖွားခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်မှာ ဒီကြောက်ရွှံ့ထိတ်လန့်စရာ အကြမ်းဖက်လုပ်ရပ်ကို လုပ်ခဲ့သူ အမျိုးသားက “ဖခင်ဖြစ်ဖို့ အဆင်သင့်မဖြစ်သေး” လို့ဆိုပြီး ဒီလိုလုပ်ခဲ့တာလို့ မီးရှို့ခံရသူမိန်းကလေးရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။ အသက် ၃၀ အရွယ် အန်ဒရီယာဂရင်အေ့ခ်ျ မီးရှို့တိုက်ခိုက်ခံရပြီးနောက် သူမရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းအများစု ဆိုးဆိုးရွားရွားမီးလောင်ဒဏ်ရာတွေနဲ့ ဖုံးနေပေမယ် ရဲရင့်တဲ့သူမက ၇ ပတ်စောပြီး ကျန်းမာတဲ့ ကလေးကို သတ္တိရှိရှိ မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။ အန်ဒီရီယာနဲ့ သူမရဲ့မွေးစသမီးငယ် ဂျာနီအလဲ့တို့ ခုချိန်မှာ ပြန်လည်ကောင်းမွန်နေပြီး  ပစ္စည်းတွေအားလုံး မီးလောင်မှုအတွင်း ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။ အင်ဒရီယာရဲ့ ဖခင်ဖြစ်သူက သမီးဖြစ်သူ ရေရှည်ပြန်လည်ထူထောင်လာဖို့ ကျန်းမာရေးကုသစရိတ်ပေးနိုင်အောင် ရန်ပုံငွေ စတင်ရှာဖွေနေပြီး သူရဲ့ရန်ပုံရှာဖွေတဲ့ စာမျက်နှာပေါ်မှာ “မီးထဲမှာ သူမပစ္စည်းတွေအားလုံး ပါသွားတယ်၊ ခင်ဗျားတို့ရဲ့ အကူအညီနဲ့ သူမ အသစ်ပြန်စရမှာပါ” လို့ ရေးထားပြီး “ပြန်လည်ထူထူထောင်ထောင်ဖြစ်လာဖို့ သူမအနေနဲ့ အကြာကြီး လုပ်ရမယ်၊ ဆေးကုသစရိတ်ကလည်း ဘယ်လောက်ကျမလဲ မသိရဘူး၊ အိမ်တွင်းအကြမ်းဖက်မှုတွေ ကျေးဇူးပြုပြီး ရပ်တန့်ပါ” လို့ ရေးထားပါတယ်။ အန်ဒရီယာကို မီးရှို့ခဲ့တဲ့ သူမရဲ့ရည်းစား အမည်မဖော်ပြထားတဲ့သူကို အင်ဒရီယာက ဖော်ထုတ်ခဲ့တာဖြစ်ပြီး သူက သူမရဲ့ဝါရှင်တန်မှာ နေထိုင်တဲ့ မိသားစုဝင်တွေကိုပါ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း အင်ဒရီယာက ရဲတွေကို ပြောခဲ့ပါတယ်။ ပရင့်စ်ဂျော့်ခ်ျကောင်တီက ရဲပြောရေးဆိုခွင့်ရှိသူ ဂျနီဖာဒွန်းလန်က “ကလေးမွေးဖွားဖို့ အခြေအနေမျိုးမှာ မရှိပါဘူး၊ သူမက သိပ်သတ္တိရှိပါတယ်။ သူမက ဆိုးဆိုးရွားရွား မီးလောင်ခံထားရတာတောင် သူမရဲ့ မမွေးသေးတဲ့ ကလေးအတွက် စိုးရိမ်နေတယ်၊ ဒဏ်ရာတွေ ခံစားနေရတုန်းမှာ ကျူးလွန်သူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ကို ပေးခဲ့လို့ ကျနော်တို့ စုံစမ်းမှုလုပ်နိုင်ပြီး ဒီလူကို ရှာတွေ့ပါပြီ” လို့ ပြောပါတယ်။
4 years Ago
Up