အမေရိကန်နိုင်ငံမှ ၁ လသားအရွယ် ကလေးငယ်တဦးရဲ့ ခရစ္စမတ်သီချင်းသီဆိုတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို တက္ကဆက်စ်ပြည်နယ်၊ ဆန်အိန်ဂျလိုမြို့မှ နေအိမ်မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ကလေးငယ်ဟာ ဖခင်ဖြစ်သူ အဲန်ဒရူးကေးလင်းစ်ဝါ့သ်ရဲ့ အကူအညီနဲ့ သီဆိုပြခဲ့တာကို တွေ့ရမှာပါ။
နေအိမ်မှာ ညအိပ်ယာမ၀င်ခင်မှာ “O Holy Night” သီချင်းကို သီဆိုပြခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်ပေါ်မှ ထောင်နဲ့ချီတဲ့ ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ဖခင်ဖြစ်သူက သီချင်းစည်းချက်အတိုင်း ကလေးငယ်ရဲ့ နှုတ်ခမ်းကို လှုပ်ရှားစေခဲ့ချိန်မှာ သူဟာ ရွှင်မြူးတက်ကြွတဲ့ အနေအထားနဲ့ လိုက်ပါစီးမျောနေခဲ့တာပါ။
ယူကျုအသုံးပြုသူတဦးကတော့ “ကျနော့်လို အဆိုးမြင်တတ်သူတောင် ဒီရုပ်သံကို နှစ်သက်မိပါတယ်။ တကယ့်ကို ကြည်နူးစရာပါ။ ခုလိုမျှဝေမှုအတွက် ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်စရာ ခရစ္စမတ်ဖြစ်ပါစေ” လို့ မှတ်ချက်ရေးခဲ့ပါတယ်။
နောက်တယောက်ကတော့ “ဘယ်လောက်မိုက်တဲ့ ကလေးလေးလဲလို့။ ဒီနေ့ကတော့ သူ့ရဲ့နေ့ ဖြစ်သွားပြီ” လို့ ရေးခဲ့ပါတယ်။
6 years Ago