ဖခင်မျိုးဗီဇ မတူညီသည့် အမြွှာကလေးနှစ်ဦး မွေးဖွား

A d v e r t i s e m e n t With Us

March 10, 2016

ဖခင်မျိုးဗီဇ မတူညီသည့် အမြွှာကလေးနှစ်ဦး မွေးဖွား

ဗီယက်နမ်နိုင်ငံမှာ အမျိုးသမီးတဦးဟာ အမြွှာကလေး ၂ ဦးကို မွေးဖွားခဲ့ပြီး နောက်မှာ ဖခင်ရဲ့ မျိုးဗီဇမ တူညီတာကို တွေ့ရှိခဲ့ရတယ်လို့ မေရာသတင်းမှာ မတ်လ ၉ ရက်နေ့က ဖော်ပြပါတယ်။ အမြွှာကလေး ၂ ဦးရဲ့ မတူညီတဲ့ ပုံပန်းသွင်ပြင်နဲ့ အမူအရာတွေကြောင့် အဲဒီ အမျိုးသမီးနဲ့ သူ့ခင်ပွန်းတို့က ဒီအန်အေစစ်ဆေးခဲ့ရာမှ ကလေး ၂ ဦးဟာ ကွဲပြားနေတာကို တွေ့ရှိခဲ့ရတာပါ။ ကလေး ၂ ဦးထဲက တဦးကသာ ဖခင်ရဲ့ ဒီအန်အေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ ရလဒ်ဟာ သူတို့ ၂ ဦးလုံးကို ထိတ်လန့်သွားစေခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံ မျိုးဗီဇဆိုင်ရာအဖွဲ့အစည်း ဥက္ကဋ္ဌ လီဒင်းလောင်က ခုတွေ့ရှိမှုဟာ ထူးဆန်းလွန်းတယ်လို့ ပြောခဲ့ပါတယ်။ “ကျနော်တို့ မျိုးဗီဇသုတေသနနဲ့ နည်းပညာဓာတ်ခွဲခန်းမှာ စမ်းသပ်စစ်ဆေးပြီး နောက်မှာ မိဘမျိုးရိုးဗီဇကွဲနေတဲ့ အမြွှာကလေးတွေကို တွေ့ခဲ့တာပါ။ ဒါဟာ ဗီယက်နမ်မှာသာမကပဲ တကမ္ဘာလုံးအတွက် ရှားရှားပါးပါးပါပဲ။” ဒီအမြွှာကလေး၂ ဦးဟာ မိခင်ရဲ့ မမျိုးဥ ၂ လုံးနဲ့ မတူညီတဲ့ အမျိုးသား ၂ ဦးရဲ့ သုတ်ပိုးတစုံစီ ထိတွေ့မျိုးအောင်ခဲ့ရာမှ မွေးဖွားလာခဲ့တာ ဖြစ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ ဒီရလဒ်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ဆိုပါတယ်။ အသက် ၂ နှစ်အရွယ်စီ ရှိနေကြပြီဖြစ်တဲ့ အမြွှာကလေး ၂ ဦးဟာ ပုံပန်းသွင်ပြင်တွေ သိသိသာသာ ကွဲပြားနေကြတာပါ။ MAIN-Human-Embryoတဦးက ကိုယ်လုံးကိုယ်ထည်ပြည့်ပြည့် လှိုင်းတွန့်ဆံပင်တွေရှိပြီး နောက်တဦးကတော့ ပိန်ပါးပြီး ဖြောင့်စင်းတဲ့ ဆံပင်တွေရှိတယ်လို့ ဒေသတွင်း ဒန်ထရိုင်သတင်းမှာ ဖော်ပြပါတယ်။ အမည်ဖော်ပြထားခြင်းမရှိတဲ့ အဆိုပါမိသားစုဟာ ဒီရလဒ်နဲ့ ပတ်သက်ပြီး အ ကောင်းဆုံးနည်းလမ်းကို ရှာဖွေသွားမယ်လို့ ပြောပါတယ်။
5 years Ago
Up