မန်စီးတီးနည်းပြ ဂွါဒီယိုလာ ကွင်းဘေးမှာ ဝတ်ဆင်တဲ့ ဖက်ရှင်က အကောင်းဆုံး ဖြစ်တယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ချီးကျူးလိုက်ပါတယ်။
ယာဂန်ကလော့ပ်ဟာ ကွင်းဘေးမှာ အားကစားသမားတွေ ဝတ်ဆင်တဲ့ ထရတ်စုဝတ်စုံနဲ့ ဦးထုပ်ကို ဝတ်ဆင်လေ့ရှိပြီး အဲဒီလို ဘာကြောင့် ဝတ်ဆင်ဖြစ်တာလဲဆိုတာ ရှင်းပြရင်း ပြိုင်ဘက် ဂွါဒီယိုလာရဲ့ ဝတ်ပုံစားပုံကိုလည်း ချီးကျူးခဲ့တာပါ။
သူဟာ ကစားသမားဘဝကနေ နည်းပြဘဝကို ရက်ပိုင်းအတွင်းမှာပဲ ပြောင်းလဲခဲ့တာကြောင့် နည်းပြတဦးလို ဖက်ရှင်ကျကျဝတ်ဖို့ အချိန်မရှိခဲ့ဘဲ ပွဲအပေါ်မှာ အာရုံစိုက်ခဲ့တာကြောင့် ထရတ်စုကိုပဲ ဝတ်ဆင်ခဲ့တာလို့ ဂျာဂန်ကလော့ပ်က ပြောပါတယ်။
ဒေါ့မွန်အသင်းကို ရောက်ရှိချိန်မှာ ပြောင်းလဲဝတ်ဆင်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ဂျင်းဘောင်းဘီနဲ့ ရှပ်အင်္ကျီဟာလည်း သက်သောင့်သက်သာ မဖြစ်တာကြောင့် အသင်းကပေးတဲ့ ထရတ်စု ဂျာစီကိုပဲ ဝတ်ဆင်ခဲ့တာလို့ ကလော့ပ်က ပြောပါတယ်။
နည်းပြထဲမှာ ဖက်ရှင်အကျဆုံးက မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဖြစ်ပြီး သူဟာ အသင်းရဲ့ ထရတ်စုဂျာစီကို ဝတ်ဆင်တတ်သူ မဟုတ်ပေမယ့် သူ ဝတ်တဲ့ ပေါ့ပေါ့ပါးပါးဝတ်စုံတိုင်းက လိုက်ဖက်မှုရှိတယ်လို့ နည်းပြကလော့ပ်က ချီးကျူးသွားခဲ့ပါတယ်။
11 months Ago