ဖက်ဒရာ

May 26, 2020

ကမ္ဘာ့တင်းနစ် အနာဂတ်နှင့်ပတ်သက်၍ ဖက်ဒရာ၊ နဒဲလ်တို့နှင့် ဆွေးနွေးခဲ့ဟု ဂျိုကိုဗစ်ပြော

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်းမှာ တင်းနစ်အနာဂတ်နဲ့ ပတ်သက်လို့ ရောဂျာဖက်ဒရာ၊ နဒဲလ်တို့နဲ့ ဆွေးနွေးခဲ့တယ်လို့ ဂျိုကိုဗစ်က ပြောပါတယ်။  ဘောလ်ကန်ဒေသရန်ပုံငွေ တင်းနစ်ပြိုင်ပွဲအတွက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမား ဂျိုကိုဗစ်က ပြောခဲ့တာပါ။  ဗိုင်းရပ်စ်ကာလအတွင်း ဖက်ဒရားနဲ့ နဒဲလ်တို့ကို ပုံမှန်အချိန်တွေထက် စကားပိုပြောဖြစ်ခဲ့ပြီး ဗိုင်းရပ်စ်အကျပ်အတည်းက ကမ္ဘာ့တင်းနစ်လောကနဲ့ စီးပွားရေး အခြေအနေကို ထိခိုက်နိုင်တဲ့ အကြောင်းတွေကို ဆွေးနွေးခဲ့တယ်လို့ ဂျိုကိုဗစ်က ပြောပါတယ်။  ဒါ့အပြင် ATP  အဆင့်သတ်မှတ်ချက် နိမ့်ပါးတဲ့ ကစားသမားတွေရဲ့ ဘဏ္ဍာရေး အခက်အခဲတွေနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဂျိုကိုဗစ်က ပြောပါတယ်။  ဂျိုကိုဗစ်ဟာ ဇွန်လ ၁၃ ရက်ကနေ ဇူလိုင် ၅ ရက်အထိ ဘောလ်ကန်ဒေသနိုင်ငံတွေ ဖြစ်တဲ့ ဆားဘီးယား၊ ခရိုအေးရှား၊ မွန်တီနီဂရိုး၊ ဘော့စနီးယားနိုင်ငံတွေမှာ တင်းနစ်ဖိတ်ခေါ်ပွဲတွေ ကျင်းပပြီး ဒေသခံတွေအတွက် အလှူငွေရရှိဖို့  ဦးဆောင်စီစဉ်နေတာ ဖြစ်ပါတယ်။
11 months Ago
Up