ဖက်ဆိုင်း

September 9, 2019

ဂျပန်တွင် ဖက်ဆိုင်း တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်

ဖက်ဆိုင်း တိုင်ဖုန်းမုန်တိုင်းဟာ စက်တင်ဘာ ၈ ရက်မှာ ဂျပန်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းကနေ ကုန်းတွင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ လာအိုဘာသာစကားနဲ့ အမျိုးသမီးတယောက်ရဲ့ နာမည်ကို မှည့်ခေါ်ထားတဲ့ ဖက်ဆိုင်း တိုင်ဖုန်းမုန်တိုင်းဟာ ၂၄ နာရီအတွင်း မိုးရေချိန် မီလီမီတာ ၃၀၀ လောက်ထိ ရွာချခဲ့တာလို့ ဂျပန် မိုးလေဝသဌာနက ပြောပါတယ်။ ဂျပန်နိုင်ငံ တိုကျိုခရိုင်ထဲက ရှင်းဂျုခု၊ ရှိဇုအိုခ၊ အစ်တိုမြို့တွေကို မုန်တိုင်းဝင်နေပုံကို မျက်မြင်သက်သေတွေက ရုပ်သံ ရိုက်ကူးခဲ့ကြပါတယ်။ စက်တင်ဘာ ၉ ရက်နေ့မနက်ထိ မုန်တိုင်းဟာ ၁ နာရီ မိုင် ၁၃၀ နှုန်းနဲ့ တိုက်ခတ်နေတယ်။ လေပြင်းကြောင့် လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်ကုန်တဲ့အတွက် လူအယောက် ၉ သိန်းလောက် လျှပ်စစ်မီး မရှိဘဲ နေနေရတယ်လို့ ဘီဘီစီ သတင်းဌာနက အစီရင်ခံထားပါတယ်။ ချိဘ၊ ခနငါ့ဝါ့နဲ့ ရှိဇုအိုခါ့ ခရိုင်တွေမှာ လူအယောက် ၃၀ ထက်မနည်း ဒဏ်ရာရတယ်လို့ သည်စထရိတ်တိုင်းမ်စ် သတင်းဌာနက အစီရင်ခံပါတယ်။ ဒီနှစ်အတွက် ၁၅ ခုမြောက် တိုင်ဖွန်း မုန်တိုင်းကြောင့် ကမ္ဘာ့အကြီးဆုံး မြို့ပြဒေသမှာ အိမ်အမိုးတွေ လွင့်ထွက်ပြီး နံရံတွေ ပြိုကျကုန်ပါတယ်။ သစ်ပင်တွေနဲ့ ဓာတ်တိုင်တွေ လဲပြိုကျခဲ့ပါတယ်။ မိုးကြီးတာကြောင့် ရေလွှမ်းတာနဲ့ မြေပြိုတာတွေ ဆက်ဖြစ်နိုင်တယ်လို့ NHK ရုပ်သံက အစီရင်ခံထားပါတယ်။ လေကြောင်းခရီးစဉ် တရာကျော်နဲ့ JR Yamanote ရထားလမ်းပိုင်းက ခရီးစဉ်တွေ နှောင့်နှေး ဖျက်သိမ်းခဲ့ရပါတယ်။ ရထားလမ်းပေါ်က လဲကျနေတဲ့ သစ်ပင်တွေ အပျက်အစီးတွေကို ဖယ်ရှားအပြီး ရထားခရီးစဉ်ကို ပြန်ပြေးဆွဲနေပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဂ်ပန္တြင္ ဖက္ဆိုင္း တိုင္ဖုန္းမုန္တိုင္း ဝင္ေရာက္တိုက္ခတ္ ဖက္ဆိုင္း တိုင္ဖုန္းမုန္တိုင္းဟာ စက္တင္ဘာ ၈ ရက္မွာ ဂ်ပန္ႏိုင္ငံ အေရွ႕ဘက္ ကမ္း႐ိုးတန္းကေန ကုန္းတြင္းကို ဝင္ေရာက္တိုက္ခတ္ခဲ့ပါတယ္။ လာအိုဘာသာစကားနဲ႔ အမ်ိဳးသမီးတေယာက္ရဲ႕ နာမည္ကို မွည့္ေခၚထားတဲ့ ဖက္ဆိုင္း တိုင္ဖုန္းမုန္တိုင္းဟာ ၂၄ နာရီအတြင္း မိုးေရခ်ိန္ မီလီမီတာ ၃၀၀ ေလာက္ထိ ႐ြာခ်ခဲ့တာလို႔ ဂ်ပန္ မိုးေလဝသဌာနက ေျပာပါတယ္။ ဂ်ပန္ႏိုင္ငံ တိုက်ိဳခ႐ိုင္ထဲက ရွင္းဂ်ဳခု၊ ရွိဇုအိုခ၊ အစ္တိုၿမိဳ႕ေတြကို မုန္တိုင္းဝင္ေနပုံကို မ်က္ျမင္သက္ေသေတြက ႐ုပ္သံ ႐ိုက္ကူးခဲ့ၾကပါတယ္။ စက္တင္ဘာ ၉ ရက္ေန႔မနက္ထိ မုန္တိုင္းဟာ ၁ နာရီ မိုင္ ၁၃၀ ႏႈန္းနဲ႔ တိုက္ခတ္ေနတယ္။ ေလျပင္းေၾကာင့္ လွ်ပ္စစ္ဓာတ္အားေတြ ျပတ္ေတာက္ကုန္တဲ့အတြက္ လူအေယာက္ ၉ သိန္းေလာက္ လွ်ပ္စစ္မီး မရွိဘဲ ေနေနရတယ္လို႔ ဘီဘီစီ သတင္းဌာနက အစီရင္ခံထားပါတယ္။ ခ်ိဘ၊ ခနငါ့ဝါ့နဲ႔ ရွိဇုအိုခါ့ ခ႐ိုင္ေတြမွာ လူအေယာက္ ၃၀ ထက္မနည္း ဒဏ္ရာရတယ္လို႔ သည္စထရိတ္တိုင္းမ္စ္ သတင္းဌာနက အစီရင္ခံပါတယ္။ ဒီႏွစ္အတြက္ ၁၅ ခုေျမာက္ တိုင္ဖြန္း မုန္တိုင္းေၾကာင့္ ကမာၻ႔အႀကီးဆုံး ၿမိဳ႕ျပေဒသမွာ အိမ္အမိုးေတြ လြင့္ထြက္ၿပီး နံရံေတြ ၿပိဳက်ကုန္ပါတယ္။ သစ္ပင္ေတြနဲ႔ ဓာတ္တိုင္ေတြ လဲၿပိဳက်ခဲ့ပါတယ္။ မိုးႀကီးတာေၾကာင့္ ေရလႊမ္းတာနဲ႔ ေျမၿပိဳတာေတြ ဆက္ျဖစ္ႏိုင္တယ္လို႔ NHK ႐ုပ္သံက အစီရင္ခံထားပါတယ္။ ေလေၾကာင္းခရီးစဥ္ တရာေက်ာ္နဲ႔ JR Yamanote ရထားလမ္းပိုင္းက ခရီးစဥ္ေတြ ေႏွာင့္ေႏွး ဖ်က္သိမ္းခဲ့ရပါတယ္။ ရထားလမ္းေပၚက လဲက်ေနတဲ့ သစ္ပင္ေတြ အပ်က္အစီးေတြကို ဖယ္ရွားအၿပီး ရထားခရီးစဥ္ကို ျပန္ေျပးဆြဲေနပါတယ္။
2 years Ago
Up