ဖက်ဒရာ

October 13, 2018

ရှန်ဟိုင်းမာစတာ တင်းနစ်ပြိုင်ပွဲတွင် ဖက်ဒရာက နီရှီကိုရီကို အနိုင်ရပြီး ဆီးမီးဖိုင်နယ်တက်

မနေ့က တရုတ်နိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ ရှန်ဟိုင်းမာစတာ တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ ရော်ဂျာ ဖက်ဒရာက ဂျပန်က နီရှီကိုရီကို အနိုင်ရသွားပါတယ်။ လက်ရှိ ချန်ပီယံ ဖက်ဒရာအတွက်တော့ ဒီနှစ်ထဲမှာ ဆီမီးဖိုင်နယ်ကို ၇ ကြိမ်မြောက် အဖြစ် တက်ရောက်နိုင်တာပါ။ ကမ္ဘာ့အဆင့် ၂ ဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် ဖက်ဒရာက အဆင့် ၁၂ နီရှီကိုရီကို ၂ ပွဲပြတ်နဲ့ အနိုင်ရခဲ့တာပါ။ ပထမပွဲကို ၆-၄၊ ဒုတိယပွဲကို ၇-၆ နဲ့ အနိုင်ယူပြီး ဖက်ဒရာဟာ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဖက်ဒရာဟာ ဆီမီးဖိုင်နယ်မှာတော့ ခရိုအေးရှားက ဘိုနာ ကိုရစ်နဲ့ ယှဉ်ပြိုင်ရမှာပါ။
3 years Ago

July 12, 2018

ဝင်ဘယ်ဒန်တင်းနစ် ကွာတားဖိုင်နယ်တွင် ရော်ဂျာဖက်ဒရာ ရှုံးပြီး ပြိုင်ပွဲမှထွက်

မနေ့ကယှဉ်ပြိုင်သွားတဲ့ ဝင်ဘယ်ဒန် အမျိုးသားတဦးချင်း တင်းနစ်ပြိုင်ပွဲ ကွာတားအဆင့်မှာ လက်ရှိချန်ပီယံ ရော်ဂျာဖက်ဒရာ ရှုံးပြီး ထွက်သွားရပါတယ်။ ရော်ဂျာဖက်ဒရာဟာ ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ၉ ကြိမ်မြောက် ချန်ပီယံဖြစ်ဖို့ မျှော်မှန်းထားပေမယ့် သူ့ရဲ့မျှော်လင့်ချက်တွေကို တောင်အာဖရိကက ကဲဗန်အန်ဒါဆန်က အဆုံးသတ်ပေးလိုက်တာပါ။ ဒီပြိုင်ပွဲမှာ အန်ဒါဆန်က သူ့ရဲ့ ပြင်းထန်တဲ့ စပေးဘော ရိုက်ချက်တွေက အသာစီးယူနိုင်ခဲ့ပါတယ်။ ပထမ ၂ ပွဲမှာ ဖက်ဒရာ အနိုင်ရပေမယ့် လက်ကျန်ပွဲတွေမှာ အရှုံးပေးခဲ့ရတာပါ။ ဖက်ဒရာအနေနဲ့ အပြန်အလှန် ရိုက်ချက်တွေ၊ Fore hand ရိုက်ချက်တွေမှာ အန်ဒါဆန်ကို မယှဉ်နိုင်ဘဲ အရှုံးပေးလိုက်ရတာပါ။ တောင်အာဖရိကနိုင်ငံသား အန်ဒါဆန်ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ အမေရိကန်က ဂျွန်အစ္စနာနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
3 years Ago
More News
Up