ဖက်ဒရယ်ပြည်ထောင်စု

February 13, 2017

ဖက်ဒရယ်ပြည်ထောင်စုမဲပြားများဖြင့်တည်ဆောက်ရန် ကျားခေါင်းပါတီတိုက်တွန်း

  ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာအတွက် မဲပြားတွေနဲ့ တည်ဆောက်ပေးကြဖို့ ကျားခေါင်းပါတီလို့လူသိများတဲ့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲဆန္ဒရှင်တွေကို တိုက်တွန်းလိုက်ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(အက်စ်အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် သုတေသနမှူး ဦးစိုင်းထွန်းအေးက ကြားဖြတ်ရွေးကောက်ပွဲအတွက် မနေ့ညက အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကနေ မဲဆွယ်ရာမှာထည့်သွင်းပြောသွားတာပါ။ “မကြာမီရောက်ရှိလာတော့မယ့် ရွေးကောက်ပွဲနေ့မှာမိဘပြည်သူတွေအနေနဲ့ မဲရုံကိုအရောက်သွားပြီး ပြည်သူပြည်သားတွေရဲ့ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ငြိမ်းချမ်းဖို့အတွက် ရဲရဲတင်းတင်းမဲပေးကြပါ၊ ပြတ်ပြတ် သားသား မဲပေးကြပါ၊ သာယာ ပျော်ရွှင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့ မိမိတို့ရဲ့ မဲပြားတွေနဲ့တည်ဆောက်ပေးကြပါ” ဖက်ဒရယ်စနစ်ဟာ နိုင်ငံအတွင်းမှာရှိတဲ့ မတူကွဲပြားခြားနားတဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု စတာတွေကို အသိအမှတ်ပြုတဲ့စနစ် ဖြစ်ပါတယ်။ နိုင်ငံတခုအတွင်းမှာရှိတဲ့ လူမျိုးရေးပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ဖက်ဒရယ်စနစ်ကသာ အထိရောက်ဆုံး ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ဟာ သမိုင်းကြောင်းအရ သီးခြားဝိသေသလက္ခဏာရှိတဲ့ နယ်မြေဒေသတခုနဲ့ တခုအကြား၊ လူမျိုးတမျိုးနဲ့ တမျိုးအကြား အပြန်အလှန် နားလည်ယုံကြည်လ က်ခံကြပြီး အတူတကွ တိုင်းပြည်တခုအဖြစ် ဖွဲ့စည်းနေထိုင်ကြမယ်ဆိုတဲ့ အတွေးအမြင် အယူအဆတခု ဖြစ်ပါတယ်လို့ပြောပါတယ်။ အက်စ်အန်အယ်လ်ဒီပါတီရဲ့ မူဝါဒဟာ  ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်အပေါ်မှာ အခြေခံ ထားပြီး ပင်လုံကတိကဝတ်အတိုင်း တိုင်းရင်းသားတွေ လိုလားတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကို တောင်းဆိုတိုက်ပွဲဝင်နေတယ်လို့လည်းပြောသွားပါတယ်။ “အမျိုးသားတန်းတူရေးဆိုတာက ဗမာ ၁ ကျပ်ရသလို ရှမ်းလည်း ၁ ကျပ် ရရမယ်။ ဗမာက သမ္မတဖြစ်ခွင့်ရှိသလို အဲဒီအခွင့်အရေးမျိုး ရှမ်းမှာလည်း ရှိရမယ်။ ကချင်၊ ကရင်၊ မွန်မှာလည်း ရှိရမယ်။ ဗမာတယောက်က စစ်ရေးတော်လို့ ကာကွယ်ရေးဦးစီးချုပ်လုပ်နိုင်သလို ရှမ်းကလည်း စစ်တိုက်တော်တဲ့သူဖြစ်ရင် ကာကွယ်ရေးဦးစီးချုပ် တက်လုပ်နိုင်ရမယ်။ ဘယ်လူမျိုးမဆို တော်ရင်တော်တဲ့အလျှောက် နေရာရှိရမယ်။ အခွင့်အရေးတန်းတူ ရှိစေရမယ်။ ဘယ်သူကမှ သခင် မဟုတ်ဘူး။ ဘယ်သူမှ ကျွန် မဟုတ်ဘူး။ ဒါကို အမျိုးသားတန်းတူရေးလို့ နားလည်ထားပါတယ်။” အမျိုးသားတန်းတူရေးကို အသိအမှတ်မပြုတာ၊ ဒီမိုကရေစီ ကင်းမဲ့တာ၊ တစ်ပါတီ အာဏာရှင်စနစ် ကြီးစိုးတာတွေဟာ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်တဲ့နေရာမှာ ကြီးမားတဲ့ အဟန့်အတားတွေဖြစ်တဲ့အကြောင်းနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ အစိုးရမျိုးကို အလိုရှိတယ်လို့လည်း ပါတီ ဗဟိုအလုပ်အမှုဆောင်  ဦးစိုင်းထွန်းအေးကပြောသွားပါတယ်။ “ကျနော်တို့ဆီမှာ သစ်တောတွေရှိတယ်။ လာခုတ်သွားတယ်။ သတ္တုတွေ ရှိတယ်။ လာတူးသွားတယ်။ ကျောက်သံပတ္တမြားတွေ တွေ့တယ်။ လာဖော်သွားတယ်။ မြစ်၊ ချောင်းတွေရှိတယ်။ တမံတွေ ဆောက်ပြီး လျှပ်စစ်တွေ ထုတ်တယ်။ သစ်တောတွေပြုန်း၊ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးကုန်တော့ ရာသီဥတုတွေ ဖောက်ပြန်တယ်။ ရွာတွေ ရွှေ့ပြောင်းရတယ်။ ရေတွေ ကြီးတယ်။ မြေတွေပြိုတယ်။ ဒီဒုက္ခတွေကို ဒေသခံတွေပဲ ခံစားရတယ်။ ကျောက်မျက်ရတနာ လုပ်ကွက်အသစ်တွေ ပေါ်လာတယ်။ ကုမ္ပဏီတွေကပဲ လက်ဝါးကြီးအုပ်ထားတယ်။ ဒေသခံတွေက မကုန်မချင်း ထိုင်ကြည့်နေရတယ်။ လျှပ်စစ်တွေ ထုတ်သွားတယ်။ သဘာဝဓာတ်ငွေ့ကို ပိုက်နဲ့ သွယ်သွားတယ်။ အဲဒီဒေသတွေမှာ မီးမလင်းခဲ့ဘူး။ ဒီလိုတာဝန်မဲ့တဲ့ အစိုးရမျိုးကို ကျွန်တော်တို့ မလိုလားဘူး။” ခွန်ထွန်းဦး ခေါင်ဆောင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါတီပြီးရင် ဒုတိယနေရာအများဆုံး အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီခေါင်းဆောင်တွေ ထိန်းသိမ်းခံထားရတာကြောင့် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဘဲ သပိတ်မှောက်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ရှမ်းပြည်နယ်လွှတ်တော်မှာ  ကြံ့ခိုင်ရေးပါတီပြီးရင် ကိုယ်စားလှယ်နေရာ ဒုတိယအများဆုံးအနိုင်ရထားပြီး  လာမယ့် ဧပြီ ၁ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ၂ နေရာနဲ့ ပြည်နယ်လွှတ်တော် ၅ နေရာ စုစုပေါင်း ၇ ရာမှာဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပါတယ်။
5 years Ago

January 17, 2017

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် တိုင်းရင်းသားမဟာမိတ် ၅ ပါတီဖွဲ့စည်း

  ရခိုင်ပြည်နယ်အတွင်းနေထိုင်းတဲ့ တိုင်းရင်းသားလူမျိုးစုပါတီတွေစုပေါင်းပြီး သဘောတရား ပြည့်ဝတဲ့ လူမျိုးစုကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားဖို့ တိုင်းရင်းသားပါတီ (၅) ပါတီဖွဲ့ စုစည်းခဲ့ပါတယ်။ ဇန်နဝါရီ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ရခိုင်မျိုးချစ်ပါတီ(အေပီပီ) ဗဟိုဌာနချုပ်ရုံးမှာ ပြုလုပ်တဲ့အစည်း အဝေးရဲ့ဆုံးဖြတ်ချက်နဲ့ အခုလို တိုင်းရင်းသားလူမျိုးရဲ့ပါတီ (၅)ပါတီတွေ ပူးပေါင်းပြီး မဟာမိတ်ကို ဖွဲ့စည်းလိုက်တာပါ။ အဲ့ဒီအစည်းအဝေးရဲ့ဆုံးဖြတ်ချက်နဲ့ဖွဲ့စည်းခဲ့တဲ့ မဟာမိတ်အဖွဲ့ဝင်တွေကတော့ ရခိုင်မျိုးချစ်ပါတီ၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ မြိုတိုင်းရင်းသားပါတီတို့နဲ့ ပူးပေါင်းဖွဲ့စည်းလိုက်တာပါ။ ဖယ်ထောင်ရေပြည်ထောင်စုကို သွားဖို့အခုလိုတိုင်းရင်းသားပါတီတွေမဟာမိတ်ဖွဲ့ပြီးပူးပေါင်းရတာလို့ ရခိုင်မျိုးချစ် ပါတီ(အေပီပီ) ဥက္ကဋ္ဌ ဦးဇော်ဝင်းထွန်းက ဒီဗွီဘီကိုပြောပါတယ်။ “ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပါတီတွေပူးပေါင်းပြီးတော့ မနေ့က ဖွဲ့စည်းလိုက်ပါတယ်။ တန်းတူရေး၊ ကိုယ့်ကြံမ္မာကို ကိုယ့်ဖန်တီးရေ၊ ဖက်ဒရယ်ပြည်ထောင်တည်ဆောက်ရေးဆိုတဲ့ အချက်တွေပေါ့လေ။ ဒီလိုဦးတည်ချက်နဲ့ ရယ်မဟာမိတ်ပါတီတွေပူးပေါင်းပြီးတော့ ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီအခင်းအကျင်းနဲ့ ပြည်သူ့အစိုးရ သွားနေတဲ့အချိန်မျာ ငြိမ်းချမ်းရေးဖော်ဆောင် နေတဲ့နေရာမှာလဲ ALL INCLUSIVE ဖြစ်ဖို့ အတွက်ကျနော်တို့က အခန်းကဏ္ဍတခုက ပါဝင်တဲ့ သဘောပါ။” ဒါ့အပြင်ဖယ်ဒရေပြည်ထောင်စုသွားတဲ့နေရာမှာအခုလို့ အခုလိုရခိုင်ပြည်နယ်ထဲ မှာ ပါတီ(၅) ပါတီပူးပေါင်း လိုက်တာဟာ ၂၀၁၈ အခြေခံဥပဒေပြင်ဆင်နိုင်ဖို့ ကခန်းကဏ္ဍတရပ်တရပ်အနေနဲ့ ပူးပေါင်းဆောင် ရွက်သွားနိုင်ဖို့ ကြိုးစားသွားမယ်လို့ သူက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းက တိုင်းရင်းသားမျိုးနွယ်တွေအဖက်ဖက်နိမ့်ကျနေလို လုပ်ဆောင်ရမယ့် အချက်တွေ အများကြီးရှိနေတယ်လို့ မြိုအမျိုးသားဒီမိုကရေစီပါတီဗဟိုဥက္ကဋ္ဌ ဦးမြထွန်းက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ ရခိုင်ပြည်နယ်ဒေသရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဒေသဖွံ့ဖြိုးမှုကိစ္စတွေအားလုံးဟာ တိုင်းရင်းသားမျိုးနွယ်စုတွေအားလုံး ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီတော့ သက်ဆိုင်းအစိုးရအဖွဲ့နဲ့ လုပ်ရမယ်။ နောက်တခါ မြန်မာ နိုင်ငံအတွင်းမှာလဲ တိုင်းရင်းသားလူနည်းစု လူများစုတွေရှိတယ်။ တိုင်းရင်းသားလူနည်းစုရော့ လူများစုရော တန်တူရည်တူအခွင့်လမ်းအခွင့်ရေးတွေ ရနိုင်ဖို့လိုတယ်။ အဖက်ဖက်နှိမ့်ကျနေတဲ့ ရခိုင်ပြည်နယ်ထဲက လုပ်ဆောင်ရမယ်အချက်တွေ အများကြီးရှိနေပါတယ်။” အခုလို တိုင်းရင်းသားပါတီ (၅) ပါတီဖွဲ့ မဟာမိတ်ဖွဲ့စည်းလိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ ရခိုင်ပြည်နယ် အတွင်းက အင်းအားကြီးပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (အေအန်ပီ)က ပြောပါတယ်။ “ကိုယ့်ရခိုင်ပြည်နယ်မှာ နေထိုင်နေတဲ့ တိုင်းရင်းသားလူမျိုးတွေ စုစည်းညီညွတ်ပြီးတော့ အင်အားစု တခုကို တည်ဆောက်နိုင်တာကတော့ ပိုပြီးတော့ကောင်းတယ်လို့ ယူဆပါတယ်။ မိမိတို့အနေနဲ့ တက်နိုင်ရင်တော့ ကျနော်တို့ ပါတီတွေကလဲ လုပ်ချင်ပါတယ်။ လက်ကမ်းကြိုဆိုပါတယ်။”လို့ ရခိုင်အမျိုးသားပါတီအထွေထွေအတွင်းရေမှူး ဦးထွန်းအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ တိုင်းရင်းသားပါတီ (၈)ခု ရှိပြီး အခြားပါတီတွေ ပူးပေါင်းပါဝင်နိုင်ရေး ဆက်လက် အကောင် အထည်ဖော်လုပ်ဆောင်သွားဖို့ကိုလည်း စီစဉ်နေတယ်လို့ မြိုအမျိုးသားဒီမိုကရေစီပါတီ ဗဟိုဥက္ကဋ္ဌ ဦးမြထွန်း က ပြောပါတယ်။
5 years Ago
More News
Up