ဖက်ကီရာကို

February 17, 2018

လိုင်ယွန်ကွင်းလယ်လူ ဖက်ကီရာကို အာစင်ဝင်းဂါး ခေါ်ယူလိုနေ

အာစင်​ဝင်းဂါးအ​နေနဲ့ လိုင်​ယွန်​​အသင်းရဲ့ ​ခြေစွမ်းပြ ကွင်းလယ်​တိုက်​စစ်​ကစားသမား ​နေဘယ်​လ်​ ဖက်​ကီရာကို ကမ္ဘာ့ဖလား  မတိုင်​မီ ​ခေါ်ယူသွားဖို့ ဆန္ဒရှိနေပါတယ်​။ လိုင်​ယွန်​အသင်းဟာ ဖက်​ကီရာအတွက်​ ​ပေါင်​ ၄၅ သန်း သတ်​မှတ်​ထား​ပေမယ့် ​ရောင်းချလိုခြင်း  မရှိဘူးလို့ သိရပါတယ်​။ လိုင်​ယွန်​အသင်းအ​နေနဲ့ ပြီးခဲ့တဲ့​နွေရာသီ အ​ပြောင်းအ​ရွှေ့ကာလကလည်း တိုက်​စစ်​မှူး လာကာဇ်ကို ​ရောင်းချထားခဲ့လို့ ဖက်​ကီရာကို​ ထပ်မံ​မ​ရောင်းချလိုတာဖြစ်​ပါတယ်​။ ဖက်​ကီရာဟာ လာမယ့်ကမ္ဘာ့ဖလားမှာ အဓိကကျတဲ့ကစား သမားဖြစ်​လာဖို့ရှိ​နေပြီး​ ပြင်​သစ်​အသင်းရဲ့ ဂန္တဝင်​ကစားသမား ယိုရီဒီ​ဂျော်​​ကေ့ဖ်​နဲ့ ခိုင်းနှိုင်းခံ​နေရပါတယ်​။ အာဆင်​နယ်​အသင်းက ​ခေါ်ယူဖို့မပြင်​ဆင်​မီမှာ ရီးရဲလ်မက်​ဒရစ်​အသင်းက​ခေါ်ယူဖို့ ပြင်​ဆင်​ခဲ့ပြီး​ လိုင်​ယွန်​အသင်းက မ​ရောင်းချတာ​ကြောင့် အ​ပြောင်း အ​ရွှေ့ပျက်​ခဲ့တာဖြစ်​ပါတယ်​။ အာဆင်​နယ်​အသင်းဟာ လာမယ့်အ​ပြောင်းအ​ရွှေ့ကာလမှာ ဝက်​စ်​ဘရွန်းအသင်းရဲ့​ နောက်​ခံလူ ဂျွန်​နီအီ​ဗန့်​စ်​ကို ​ခေါ်ယူဖို့လည်း ရှိ​နေပါတယ်​။
4 years Ago

November 19, 2017

ဖက်ကီရာကို အာဆင်နယ်ထံ လုံးဝရောင်းမည်မဟုတ်ဟု လိုင်ယွန်ပြော

အာဆင်နယ်အသင်းက စိတ်ဝင်စားနေတဲ့ ဖက်ကီရာကို လုံးဝ ရောင်းထုတ်မှာမဟုတ်ဘူးလို့ လိုင်ယွန်အသင်းဥက္ကဋ္ဌ မိုက်ကယ်အောလက်စ်က ပြောကြားလိုက်ပါတယ်။ အဆိုပါ ပြင်သစ်ကွင်းလယ်တိုက်စစ်ကစားသမားဟာ လိုင်ယွန်အသင်းမှာ ပျော်ရွှင်နေပြီး အသင်းရလဒ်တွေကောင်းအောင် စွမ်းဆောင်ပေးတဲ့နေရာမှာ အဓိကနေရာကနေ ပါဝင်နေလို့ ကျေးဇူးတင်ပြီး ဖက်ကီရာ အသင်းကနေ မထွက်သွားဖို့ ဘာမဆိုလုပ်သွားမယ်လို့ ပြောကြားလိုက်တာပါ။ အခုနှစ်ရာသီ လီဂူးဂိုးသွင်းအများဆုံး ၁၁ ဂိုးနဲ့ တတိယနေရာမှာရှိနေတဲ့ ဖက်ကီရာဟာ လိုင်ယွန်အသင်းနဲ့ ၂၀၂၀ ထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး အာဆင်နယ်အသင်းအနေနဲ့ ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေး အမြောက်အမြား ပေးချေသွားရဖွယ်ရှိနေပေမယ့် အသင်းတိုက်စစ်မှူး လာကာဇက်နဲ့ တွဲဖက်ကစားနိုင်ဖို့ ခေါ်ယူလိုနေတာပဲဖြစ်ပါတယ်။
4 years Ago
Up