ပ​​ခုက္ကူမြို့နယ်​တွင် ရေကြီးမှုကြောင့်

August 23, 2017

ပ​​ခုက္ကူမြို့နယ်​တွင် ရေကြီးမှုကြောင့် စာသင်​​ကျောင်း ၄၀ ကျော်​ ပိတ်ထားရ

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်မှာ ဧရာဝတီမြစ်ရေ တက်လာတာကြောင့် သြဂုတ် ၂၂ ရက် စာရင်းအရ စာသင်ကျောင်းပေါင်း ၄၄ ကျောင်း ပိတ်ထားရပါတယ်။ ဒါ့အပြင် ရေဝင် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၆၂ ရွာက ရေဘေးလွတ်ရာကို ပြောင်းရွှေ့လာတဲ့ အိမ်ထောင်စုပေါင်း ၄၄၇၉ စု၊ လူဦးရေ ၂၀၄၃၈ ယောက် တိရစ္ဆာန်ပေါင်း ၉ ထောင်ကျော်ထိ ရှိနေပါတယ်။ မနေ့မွန်းလွဲ ၁၂ နာရီအချိန် တိုင်းထွာချက်အရ ပခုက္ကူမြို့မှာ ဧရာဝတီမြစ်ရေဟာ ၂၁၈၇ စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ်အထက် ၃၇ စင်တီမီတာ ၁ ပေကျော်မှာ ရောက်ရှိနေပါတယ်။
4 years Ago
Up