ပ​လောင်​ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသတွင်

April 19, 2017

ပ​လောင်​ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်ရ​ဒေသတွင် နေအိမ် ၃ လုံး မီးလောင်

ရှမ်းပြည်နယ်မြောက်ပိုင်း  ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင်ရဒေသ အထက်မန်ကျေးရွာမှာ နေအိမ် ၃ လုံး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မန်လွယ်အုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဇော်က“မီးလောင်တာက မီးကျွင်းမီးကျန်ကစတာ။ လောင်တာက အထက်မန်ရွာပါ။ အားလုံးပါသွားတာက ၃ အိမ်ပါ။ ၁ အိမ်ကတော့ နည်းနည်းပါသွားတယ်။ စလောင်တာက မနက် ၄ နာရီ  ၅ မိနစ်မှာစလောင်တာ။ မီးသတ်ကတော့ ၅ နာရီလောက်မှာ လာပြီးဝိုင်းငြှိမ်းပေးတယ်။ မီးပြန်ငြိမ်းတာက ၄ နာရီ ၃၅ မိနစ်လောက်မှာပါ။ အစကတော့ မီးပြင်းတယ်၊ ရွာသားတွေ အားလုံးဝိုင်းငြှိမ်းလိုက်လို့ သက်သာသွားတယ်။ ဈေးရောင်တဲ့ အိမ်ကတော့ ဆုံးရှုံးမှုတော့ များတယ်။ ကျန်တဲ့ ၂ အိမ်တော့ မသိဘူး။ ပျက်စီးမှုတန်ဖိုးကို စုံစမ်းနေတုန်းပါ။"လို့ ပြောပါတယ်။ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့မှာ  မီးပေါ့ဆမှုကြောင့်  ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မြို့ရဲ့ ၃ ပုံ ၂ ပုံအထိ မီးထဲပါသွားခဲ့ဖူးသလို ကျေးရွာဘက်တွေမှာလည်း မီးမကြာခဏ လောင်ကျွမ်းမှုဖြစ်ပွားလေ့ရှိတာပါ။ နိုင်နိုင်
5 years Ago

March 30, 2017

ပ​လောင်​ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသတွင်​ မီးထပ်​မံ​လောင်​ကျွမ်းမှု​ကြောင့် ​နေအိမ် ​၁၀ လုံး ဆုံးရှုံး

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နမ့်ဆန်မြို့နယ် ကယားလမ်းကျေးရွာ ဆင်ဖြူအုပ်စုမှာ ဒီနေ့မနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့လို့ နေအိမ် ၁၀ လုံး ဆုံးရှုံးသွာပါတယ်။ "မနက် ၉ နာရီကနေ စလောင်တာ။ စလောင်တဲ့အိမ်က အဘိုးနဲ့အဘွား ၂ ယောက်တည်း ရှိတာလေ။ သူတို့လည်း အသက်ကြီးနေပြီ။ အိမ်အပေါ်မှာ ဘုရားမီးထွန်းထားတာ သူတို့က အိမ်အောက်မှာ သွားနေကြတာ။ အဲမှာစပြီးတော့ လောင်တော့တာပဲ။ ကျနော်တို့ ရွာသားတွေ အားလုံးဝိုင်းပြီးတော့ မီးဝိုင်းငြှိမ်းကြတာ အခုမှပဲ ငြိမ်းသွားတယ်" လို့ ကယားလမ်းအုပ်စု ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဝမ်းက ပြောပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရတာ မရှိဘဲ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ နမ့်ဆန်မြို့နယ်မှာ မီးပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှု မကြာခဏဖြစ်ပေါ်လေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၅ က မီးအကြီးအကျယ် လောင်ကျွမ်းမှုမှာ မြို့ရဲ့ ၃ ပုံ ၂ ပုံလောက် လောင်ခဲ့ဖူးပါတယ်။ သတင်း - နိုင်နိုင်
5 years Ago
Up