ပရိုဘောလုံးသမား

January 6, 2018

ပရိုဘောလုံးသမား ၃ ဦးနှင့် ကလေးငယ် ၁၀၀ ယှဉ်ပြိုင်ပွဲ ဘယ်အသင်းနိုင်လဲ (ရုပ်သံ)

ဒါဟာ ကလေးတွေနဲ့ အရွယ်ရောက်ပြီး အမျိုးသားတွေကြား သမားရိုးကျမဟုတ်ဘဲ ယှဉ်ပြိုင်ကစားရတဲ့ ထူးခြားတဲ့ ပြိုင်ပွဲတခုဖြစ်နေပေမယ့် ဂျပန်နိုင်ငံမှာတော့ တကယ့်ကို ဖြစ်ခဲ့တာပါ။ ကစားသမား ၃ ဦးကတော့ တကယ့် ပရိုဘောလုံးသမားတွေ ဖြစ်ကြပြီး ကလေးတွေကို အနိုင်ဂိုးသွင်းကစားနိုင်မလားဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဒီကစားပွဲကို ဂျပန်နိုင်ငံရဲ့ ရိုးရာနှစ်သစ်ကူးကစားပွဲအနေနဲ့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ခုလိုမျိုးယှဉ်ပြိုင်ကစားကြတာတွေဟာ ရေပန်းစားလာခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။ ဘောလုံးကွင်းအတွင်းမှာ ကလေး ၁၀ ယောက်ဟာ ဘောလုံးဂိုးစည်းမှာ စောင့် နေခဲ့ကြတာဖြစ်ပြီး ကျန်တဲ့အယောက် ၉၀ ကတော့ ပြိုင်ဘက်ကစားသမား ၃ ဦးနဲ့ အ ကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ကစားသမား ၃ ဦးကတော့ နိုင်ငံတကာမှာ ခြေစွမ်းပြကစားနေကြတဲ့ နာမည်ကြီး ဘောလုံးသမားတွေဖြစ်တဲ့ ဟိုတာရူ ယာမာဂူချီ၊ ဟီရိုချီ ကီရိုတာခီနဲ့ ယိုဆူကီ အိုက်ဒီဂူချီ တို့ ဖြစ်ကြပါတယ်။ သူတို့ ၃ ဦးဟာ ကွင်းအတွင်းမှာ ကလေးတွေကို ခက်ခက်ခဲခဲဖြတ်ကျော်ပြီး ဘောလုံးကို သယ်နိုင်ဖို့ ကြိုးစားခဲ့ကြရတာကို တွေ့ရပါတယ်။ ဒါပေမယ့် ပရိုဘောလုံးသမားတွေပီပီ နောက်ဆုံးမှာတော့ ကလေးတွေကို ဖြတ်ခေါက်ကာ ဘောလုံးကို တဖက်ဂိုးဧရိယာအနီးရောက်အောင် သယ်ဆောင်သွားနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဂိုးစည်းတွင်းမှာ ကလေးတွေထဲက တယောက်က အော်ဟစ်သတိ ပေးလိုက်သံကိုကြားခဲ့ပေမယ့် မမီတော့ပဲ အိုင်ဒီဂူချီက တဂိုးသွင်းပြီး အနိုင်ယူသွားနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ကလေးတွေဟာ စိတ်ပျက်လက်ပျက်နဲ့ ကွင်းအတွင်းမှာ ဒူး ထောက်ထိုင်ချလိုက်တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေရပါတယ်။
3 years Ago
Up