ပွဲ ၁၆၈ ပွဲ

October 13, 2019

စပိန်အသင်းခေါင်းဆောင် ရာမို့စ် နိုင်ငံအသင်းအတွက် ပွဲ ၁၆၈ ပွဲပြည့်ပြီ

စပိန်အသင်းခေါင်းဆောင် ဆာဂျီရိုရာမိုစ့်ဟာ နော်ဝေအသင်းနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ နိုင်ငံလက်ရွေးစင်အသင်းအတွက် ကစားခဲ့တဲ့ ပွဲပေါင်း ၁၆၈ ပွဲ ပြည့်ခဲ့ပါတယ်။ ရာမိုစ့်ဟာ စပိန်လက်ရွေးစသ်အသင်းအတွက် ၁၆၇ ပွဲကစားပေးခဲ့တဲ့ ဂိုးသမား အိုင်ကာကာဆီးလက်စ်ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။  ဒါ့အပြင် ရာမိုစ့်ဟာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ပွဲအများဆုံး ကစားပေးနိုင်ခဲ့ရုံမကပဲနဲ့ ဥရောပကစားသမားတွေထဲမှာလည်း နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ပွဲအများဆုံး ကစားထားသူအဖြစ်လည်း မှတ်တမ်းကောင်း ရရှိထားပါတယ်။  အသက် ၃၃ နှစ်အရွယ် ရှိနေခဲ့ပေမယ့် ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲက တဦးအဖြစ် သတ်မှတ်ခံထားရဆဲ ရာမိုစ့်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်တန်းမှာလည်း အကောင်းဆုံး စွမ်းဆောင်ထားသူ ဖြစ်ပါတယ်။  ရာမို့ဟာ တချိန်တုန်းက စပိန်လက်ရွေးစင် အသင်းအတွက် အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း ရွေးချယ်ခံခံ့ရတာကြောင့် လက်ရှိအသက်အရွယ်မှာတင် အခြား ကစားသမားတွေထက် စောပြီး စံချိန်သစ်တွေ တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up