ပွဲရွှေ့ဆိုင်း

January 1, 2021

ကိုဗစ်-၁၉ ကြောင့် မန်စီးတီးအသင်း ပွဲရွှေ့ဆိုင်းခဲ့သော်လည်း လေ့ကျင့်ခန်း ပြန်ဆင်း

အသင်းသားတွေမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လို့ဆိုပြီး ပွဲကိုရွှေ့ဆိုင်းခဲ့ပေမဲ့ နောက်တစ်ရက်မှာ လေ့ကျင့်ခန်းပြန်ဆင်းတဲ့ မန်စီးတီးကို အဲဗာတန်အသင်းက ဒေါသထွက်နေပါတယ်။  မန်စီးတီးအသင်းဟာ အဲဗာတန်အသင်းနဲ့ မကစားခင်မှာ ကိုဗစ်-၁၉ ပိုးတွေ့ ရှိခဲ့တာကြောင့် ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပြီး ပရီးမီးယားလိဂ်ဘက်ကလည်း လိုက်လျောခဲ့တာပါ။ မန်စီးတီးအကယ်ဒမီနဲ့ အသင်းဝန်ထမ်း စုစုပေါင်း ၅ ယောက်လောက်  ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး နောက် ၂ ရက်အကြာမှာပဲ ပိုးတွေ့ရှိခဲ့တဲ့ သူတွေအားလုံးက Negative ရလဒ် ထွက်ခဲ့တာပါ။  အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကိုတော့ ဗုဒ္ဓဟူးနေ့က ပြန်စခဲ့တာကြောင့် ပွဲရွှေ့ခဲ့တာ နဲ့ ပတ်သက်ပြီး အဲဗာတန်အသင်းဘက်က ဖြေရှင်းချက်တောင်း ဆိုထားတယ်လို့သိရ ပါတယ်။  စည်းမျဉ်းတွေအရ ကစားသမား ၁၄ ဦးရှိရင်ပဲ ပွဲကို ရွှေ့ဆိုင်းခြင်း မပြုဖို့ သတ်မှတ်ထား တာပါ။  မန်စီးတီးအသင်းဟာ လီဗာပူးနဲ့ မကစားခင် စနေနေ့မှာလည်း နောက်ဆုံးအကြိမ် ကိုဗစ်ပိုး ရှိ မရှိ ထပ်မံ စစ်ဆေးသွားမှာဖြစ်ပါတယ်။ 
10 months Ago
Up