ပွဲမိန့်ပါမစ်

A d v e r t i s e m e n t With Us

March 12, 2020

မကွေးတိုင်းတွင် သင်္ကြန်ပွဲတော်အပါအဝင် လူစုလူဝေးဖြစ်စေမည့် ပွဲမိန့်ပါမစ်များ ပိတ်သိမ်း

မကွေးတိုင်းဒေသကြီးအတွင်းမှာ မတ်လ ၁၀ ရက်နေ့ကစလို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစုလူဝေ ဖြစ်စေမယ့် ပွဲမိန့်တွေအားလုံး ပိတ်သိမ်းထားတယ်လို့ သိရပါတယ်။ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်က "တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်တဲ့အနေနဲ့ ပွဲလမ်းသဘင်၊ ဆိုင်း၊ အငြိမ့် စတာတွေ ပြုလုပ်ခွင့်မပြုဖို့ ညွှန်ကြားထားတာပါ။ မန်းရွှေစက်တော်ဘုရားပွဲတော်ကိုလည်း လိုအပ်ပါက ပိတ်သိမ်းဖို့ အစိုးရအဖွဲ့ ကိုယ်တိုင် သတိထားစောင့်ကြည့်နေတာပါ။ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွားအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆောင်ရွက်ရတာပါ။”လို့ ဒီဗွီဘီကိုပြောပါတယ်။ ဒါ့အပြင် မကွေးမြို့မှာ သင်္ကြန်ပွဲတော်ကိုလည်း ယိမ်းအဖွဲတွေ၊ မဏ္ဍပ်တွေ လုပ်ခွင့်မပေးတော့ဘဲ လမ်းလျှောက်သင်္ကြန်သာ ကျင်းပမှာ ဖြစ်တယ်လို့ လည်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မြန်မာနိုင်ငံမှာတော့ ယနေ့အချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူမတွေ့ရှိရပေမယ့် ကမ္ဘာနိုင်ငံပေါင်း ၁၁၀ မှာ ကိုရိုနာဗိုင်းရပ် ရောဂါကူးစက်ခံရသူပေါင်း ၁၁၀၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၄၀၀၀ ကျော်ပြီလို့ ကျန်မာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ သတင်း-မင်းထီး
12 months Ago
Up