ပွဲထွက်ကစား

June 18, 2021

ဒဏ်ရာပျောက်ကင်းသဖြင့် ပွဲထွက်ကစားရန် အဆင်သင့်ဖြစ်နေဟု မက်ဂွဲယားပြော

ဒဏ်ရာပျောက်ကင်းနေပြီဖြစ်လို့ ပွဲထွက်ကစားဖို့အဆင့်ဖြစ်နေပြီလို့ အင်္ဂလန်နောက်ခံလူ မက်ဂွဲယားက အသိပေးပြောကြား လိုက်ပါတယ်။

မက်ဂွဲယားဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ မေလ ၉ ရက်ကတည်းက အနားယူနေခဲ့ရတာပါ။

ခရိုအေးရှားကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ယူရိုအဖွင့်ပွဲ စဉ်ကိုလည်းလွဲချော်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အသင်းနဲ့အတူ ၆ ကြိမ် လေ့ကျင့်ခန်း ဆင်းခဲ့ပြီးဖြစ်ကာ ခြေကျင်းဝတ်ဒဏ်ရာဟာလည်း ပုံမှန်အတိုင်းပြန်ဖြစ်နေပြီလို့ မက်ဂွဲယားက ပြော ခဲ့တာပါ။

“ခြေကျင်းဝတ်ဒဏ်ရာနဲ့ ပတ်သက်ပြီး ပုံမှန်အတိုင်ပြန်ဖြစ်နေပြီဖြစ်လို့ ပွဲကစားဖို့အဆင့်ပါပဲ။  လေ့ကျင့်ခန်းတချို့လည်း လုပ်ဆောင်ခဲ့ပြီးဖြစ်လို့ ကျနော့်ရဲ့ ကြံ့ခိုင်မှုအခြေအနေက ကောင်း ပါတယ်။ လာမယ့်ပွဲအတွက် ကျနော် ကစားပေးနိုင်ပါပြီ” လို့ မက်ဂွဲယားကပြောပါတယ်။

အင်္ဂလန် ဗဟိုခံစစ်မှာ ဂျွန်စတုန်းစ်နဲ့အတူ ဗီလာနောက်ခံလူ ထရုန်းမင်စ်ကို အသုံးပြုခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ တာကြောင့် မက်ဂွဲယားကို နည်းပြဆောက်ဂိတ်ကပြန်လည်အသုံးပြုမလားဆိုတာ မသေချာဘဲဖြစ်နေပါတယ်။

အင်္ဂလန်အသင်းဟာ အုပ်စု ဒုတိယပွဲစဉ်အဖြစ်  ဒီကနေ့ည စကော့တလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

7 months Ago
Up