ပွဲစဉ် ရွှေ့ဆိုင်း

March 11, 2020

ယနေ့ည အာဆင်နယ်နှင့် မန်စီးတီးပွဲစဉ် ရွှေ့ဆိုင်း

ဒီကနေ့ည ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းထားလိုက်ပါတယ်။ ပွဲစဉ် ရွှေ့ရတဲ့ အဓိကအကြောင်းအရင်းကတော့ အာဆင်နယ်အသင်း ကစားသမားတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အိုလံပီယာကောစ့်ပိုင်ရှင် ဖြစ်သူနဲ့ ထိတွေ့မှုရှိခဲ့လို့ ဖြစ်ပါတယ်။ အသက် ၅၂ နှစ်အရွယ် မာရင်နာကစ်စ်ဟာ အိုလံပီယာကောစ့်အသင်းအပြင် အင်္ဂလန်ကလပ် နော်တင်ဟမ်ဖောရက်စ်အသင်းကိုလည်း ပိုင်ဆိုင်ထားပြီး ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ပွဲစဉ်မှာ အာဆင်နယ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ အမ်းမရိတ်စ်ကွင်းထဲ လာရောက်ကြည့်ရှုခဲ့ပါတယ်။ ဂရိသူ‌ဌေးနဲ့ အနီးနားမှာရှိခဲ့တဲ့ အာဆင်နယ် ကစားသမားတွေဟာ ၁၄ ရက်ကြာ နေအိမ်တွေမှာပဲ နေထိုင်ပြီး ရောဂါအခြေအနေကို စောင့်ကြည့်ခံအဖြစ် နေထိုင်သွားရမှာ ဖြစ်ပါတယ်။
1 year Ago

March 7, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပီအက်စ်ဂျီနှင့် စတားဘာ့စ်ပွဲစဉ် ရွှေ့ဆိုင်း

ဒီကနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ပြင်သစ်လီဂူး ပွဲစဉ်ဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ စတားဘာ့စ် ပွဲစဉ်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စိုးရိမ်တဲ့အတွက် ရွှေ့ဆိုင်းလိုက်ပါတယ်။  အခုလို ပြင်သစ် လီဂူးပွဲစဉ်ကို ရွှေ့ဆိုင်းတာဟာ ပထမဆုံး ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၅၃ ယောက် ရှိပြီး ၉ ယောက် သေဆုံးထားပါတယ်။  ပီအက်စ်ဂျီနဲ့ စတားဘာ့စ်ပွဲစဉ်ကို ဘယ်ရက်မှာ ပြန်ကစားမလဲ ဆိုတာကို ထုတ်ပြန်တာ မရှိသေးပါဘူး။  တခြားဥရောပနိုင်ငံတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ် Covic–19 ကြောင့် အားကစားပွဲစဉ်တွေ ရွှေ့ဆိုင်းရတာတွေ ရှိနေပါတယ်။
1 year Ago
Up