ပရီးမီးယားလိဂ်ကလပ်တွေဟာ ကစားသမားတွေရဲ့လုပ်ခ ၃၀ ရာခိုင်နှုန်းကို ဖြတ်တောက်သွားဖို့ ညှိနှိုင်းနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လို့ ပွဲစဉ်တွေကို ရပ်နားထားရတာကြောင့် ကစားသမားတွေရဲ့ လုပ်ခ ၃၀ ရာခိုင်နှုန်းကို ဖြတ်တောက်ဖို့ ကလပ်အသင်းတွေဘက်က ဆန္ဒရှိနေတာပါ။
ဧပြီ ၃ ရက်နေ့ လုပ်ခဲ့တဲ့ အစည်းအဝေးမှာတော့ ပရီးမီးယားလိဂ်၊ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့အစည်းနဲ့ အောက်တန်းလိဂ်တွေက တာဝန်ရှိသူတွေ ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။
ပရီးမီးယားလိဂ်ကနေ ဗြိတိန်အမျိုးသားကျန်းမားရေဝန်ဆောင်မှုဆီကို ပေါင် သန်း ၂၀ လှူဒါန်းမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အင်္ဂလန်ချန်ပီယံရှစ်နဲ့ အောက်တန်းလိဂ်တွေအတွက်လည်း ပေါင် ၁၂၅ သန်း ထုတ်ချေးသွားမယ်လို့ သဘောတူခဲ့ကြပါတယ်။
ဘောလုံးပွဲစဉ်တွေကိုတော့ ဗိုင်းရပ်ကူးစက်မှု ရပ်တန့်ချိန်ရောက်မှ ကျင်းပဖို့ အကြမ်းအားဖြင့် သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ်ကလပ်တွေရဲ့ အိမ်ကွင်းတချို့ကို အရန်ဆေးရုံတွေအဖြစ် အသုံးပြုခွင့်ပေးဖို့ ရှိနေပါတယ်။
11 months Ago