ပွဲစဉ်ဇယား

November 8, 2020

အဲဗာတန်ကို အနိုင်ရခဲ့သော်လည်း  ပွဲစဉ်ဇယားအပေါ် မန်ယူနည်းပြဆိုးလ်ရှား ဝေဖန်

မနေ့ညက ပရီးမီယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အဲဗာတန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ပွဲစဉ်ဇယားရေးဆွဲတာနဲ့ပက်သက်ပြီး နည်းပြဆိုးလ်ရှားက ဝေဖန် လိုက်ပါတယ်။  ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ ဖာနန်ဒက်စ်ကိုလည်း  ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက ချီးကျူးခဲ့ပြီး နိုင်ပွဲဆာလောင်စိတ်ပြင်းထန်ခဲ့သလို တခြားအသင်းသားတွေဟာလည်း ခြေစွမ်းပြခဲ့ကြတယ်လို့ ဆိုးလ်ရှားကချီးကျူးခဲ့ပါတယ်။ မန်ယူအတွက် အနိုင်ဂိုးတွေကို ဖာနန်ဒတ်စ်က ၂ ဂိုးသွင်းယူပေးခဲ့သလို ပီအက်စ်ဂျီအသင်းကနေ ပြောင်းလာတဲ့ ကာဗာနီကလည်း မန်ယူအတွင်း သူ့ရဲ့ ပထမဆုံး သွင်းဂိုး  ၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။  မန်ယူအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်အနေနဲ့ နိုဝင်ဘာ ၅ ရက်က တူရကီမှာ အစ္စတန် ဘူလ်ဘာဆက်ဆီဟာနဲ့ ကစားခဲ့ရပြီး တစ်ရက်ခန့်သာ နားရက်ရခဲ့တာပါ။  နိုဝင်ဘာ ၇ ရက် စနေနေ့ရဲ့ အစောဆုံးပွဲစဉ်အဖြစ် ကစားခဲ့ရတဲ့အပေါ်မှာ ပွဲစဉ်ဇယားပြောင်းလဲပေးဖို့ လွန်ခဲ့တဲ့တစ်လကတည်းက ပရီးမီးယားလိဂ်ကို တင်ပြခဲ့ပေမယ့် လက်မခံခဲ့ဘူးလို့ ဆိုးလ်ရှားကပြောပါတယ်။  မန်ယူနိုက်တက် ကစားသမားတွေဟာ ပွဲစဉ်ဇယားနဲ့အတူ ရှုံးနိမ့်သွားဖို့  စီစဉ်ခံခဲ့ရတယ်လို့လည်း ဆိုးလ်ရှားက ဝေဖန်ခဲ့ပါတယ်။
11 months Ago

September 29, 2020

ပွဲစဉ်ဇယားကြောင့် ချဲလ်ဆီးနှင့်ပွဲကို အာရုံစိုက်နိုင်ရန် ခက်ခဲဟု မော်ရင်ဟို ပြော

ပွဲစဉ်ဇယားအခြေအနေကြောင့် ချဲလ်ဆီးနဲ့ ကစားမယ့် လိဒ်ဖလားပွဲစဉ်ကို အာရုံစိုက်နိုင်ဖို့ ခက်တယ်လို့ စပါးနည်းပြ မော်ရင်ဟိုက ပြောလိုက်ပါတယ်။ စပါးအသင်းဟာ ဒီကနေ့ညမှာ EFL ဖလား ရှုံးထွက်ပွဲစဉ်အဖြစ် ချဲလ်ဆီးအသင်းနဲ့ အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်း တနင်္ဂနွေနေ့က ကစားခဲ့ရပြီး ချဲလ်ဆီးနဲ့ပွဲအတွက် ၂ ရက် ခန့်သာ ပြင်ဆင်ချိန်ရရှိတာ ဖြစ်ပါတယ်။ အခုပွဲအပြီး ၂ ရက်အကြာမှာလည်း ယူရိုပါလိဂ်ခြေစစ်ပွဲ ကစားရမှာဖြစ်လို့ ချဲလ်ဆီးနဲ့ပွဲကို အင်ပြည့်အားပြည့်နဲ့ ကစားနိုင်ဖို့ခက်တယ်လို့ မော်ရင်ဟိုက ပြောတာပါ။ EFL ဖလားကို အကောင်းဆုံးလူစာရင်းနဲ့ ယှဉ်ပြိုင်ကစားလိုပေမယ့် ယူရိုပါလိဂ်ပွဲစဉ်က ပိုပြီးအရေးကြီးတဲ့အတွက် ချဲလ်ဆီးနဲ့ပွဲမှာ အကောင်းဆုံးကစားနိုင်မယ်လို့ မထင်ကြောင်း မော်ရင်ဟိုက ပြောပါတယ်။ ကြာသပတေးနေ့မှာ ယူရိုပါလိဂ် အရေးကြီးပွဲစဉ် ကစားရဖို့ရှိနေချိန်မှာ အင်္ဂါနေ့မှာလည်း လိဒ်ဖလားပွဲစဉ် ကစားစေတာက အသင်းအတွက် ပြဿနာတစ်ခု ဖြစ်စေတယ်လို့လည်း မော်ရင်ဟိုက EFL ပြိုင်ပွဲ တာဝန်ရှိသူတွေကို ဝေဖန်ခဲ့ပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်ကနေစတင်ပြီး အောက်တိုဘာ ၂ ရက်နေ့အထိ ၁၅ ရက်အတွင်းမှာ ၇ ပွဲ ကစားရမှာ ဖြစ်ပါတယ်။
12 months Ago
Up