ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ပွဲကြည့်စင်ပေါ်မှာ Mask မတပ်ခဲ့တာကြောင့် ကျန်းမာရေးဝန်ထမ်းရဲ့ သတိပေးမှုခံခဲ့ရပါတယ်။
ပေါ်တူဂီအသင်းက ခရိုအေးရှားကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ စီရော်နယ်ဒိုက ခြေချောင်းရိုး ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး ပွဲကြည့်စင်ကနေပဲ ကြည့်ရူခဲ့ရတာပါ။
စီရော်နယ်ဒိုဟာ ပွဲချိန်အတွင်းမှာ Mask တပ်ထားခြင်းမရှိဘဲ ကြည့်ရှုနေတာကို ကျန်းမာရေး အရာရှိအမျိုးသမီး တဦးက လာရောက် အသိပေးခဲ့တာဖြစ်ပါတယ်။
အစပိုင်းက တခြားသူတဦးဦးကို ပြောနေတာလို့ ရော်နယ်ဒိုက ထင်မှတ်ခဲ့ပေမယ့် ခဏ ကြာမှသာ ရော်နယ်ဒိုက Mask ပြန်တပ်ခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ စက်တင်ဘာ ၉ ရက်မှာ ဆွီဒင်နဲ့ ဆက်လက်ကစားရဖို့ရှိနေပြီး ခြေ ချောင်းရိုး ဒဏ်ရာရခဲ့တဲ့ ရော်နယ်ဒို ဆက်လက်လွဲချော်မှာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် စုစုပေါင်း ၉၉ ဂိုး သွင်းယူထားပြီး အခုတစ်ပတ် နိုင်ငံတကာပွဲစဉ်တွေမှာ တစ်ဂိုးသွင်းနိုင်ရင် ဂိုး ၁၀၀ပြည့်မြောက်မှာဖြစ်ပါတယ်။
ဒါပေမယ့် ဒဏ်ရာကြောင့် နိုင်ငံတကာပွဲတွေ ပြန်လည်စတင်မယ့် အောက်တိုဘာလရောက်မှ ဂိုး ၁၀၀ ပြည့်ဖို့ မျှော်လင့်နိုင်တော့မှာဖြစ်ပါတယ်။
6 months Ago