ပွဲကောင်း

December 5, 2020

အာဆင်နယ်နှင့် ဒါဘီပွဲစဉ် ပွဲကောင်းတပွဲဖြစ်မည်ဟု မော်ရင်ဟို သုံးသပ်

အာဆင်နယ်အသင်းနဲ့မြောက်လန်ဒန် ဒါဘီပွဲစဉ်က ပွဲကောင်းတစ်ပွဲဖြစ်လာလိမ့်မယ်လို့ စပါးနည်းပြ မော်ရင်ဟိုက ပြောပါတယ်။  အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ၁၀ ပွဲ ကစားအပြီးမှာ ရမှတ် ၁၃ မှတ်သာ ရရှိ ထားပြီး အမှတ်ပေးဇယားအဆင့် ၁၄ မှာ ရပ်တည်နေတာပါ။  စပါးအသင်းက ၁၀ ပွဲကစားအပြီးမှာ ရမှတ် ၂၁ မှတ်ရရှိထားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။  စပါး နဲ့ အာဆင်နယ်တို့  ကစားမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို ဒီနေ့ည ၁၁ နာရီ ကစား  သွားမှာဖြစ်ပါတယ်။  လတ်တလော ရလဒ်ပိုင်းအရ အာဆင်နယ်အသင်းဟာ ရလဒ်ဆိုးရွားနေပေမဲ့ စပါးအသင်းကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ရာသီနဲ့ အခုနှစ်ရာသီအစမှ ထိပ်တန်းအသင်းတွေကို အနိုင်ယူနိုင်ခဲ့တယ်လို့ နည်းပြမော်ရင်ဟိုက ပြောပါတယ်။  အာဆင်နယ်က ချဲလ်ဆီးနဲ့မန်စီးတီးအသင်းတွေကို မနှစ်က အက်ဖ်အေဖလားမှာ အနိုင်ယူခဲ့ သလို မန်ယူအသင်းကို အခုနှစ်ရာသီမှာ အနိုင်ရထားတာကြောင့် အာဆင်နယ်ကို လျှော့တွက်လို့ မရကြောင်း နည်းပြ မော်ရင်ဟိုက သုံးသပ်ခဲ့ပါတယ်။ 
5 months Ago
Up