ပွဲကောင်

October 25, 2020

ဥရောပပွဲစဉ်များ ကစားခဲ့ရသဖြင့် ပွဲကောင်းတပွဲ မဖြစ်ခဲ့ဟု နည်းပြဆိုးလ်ရှား ပြော

နှစ်သင်းစလုံး ဥရောပပွဲစဉ်တွေ ကစားခဲ့ရလို့ အကောင်းဆုံးပွဲစဉ် မဖြစ်ခဲ့ဘူးလို့ မန်ယူနည်းပြ ဆိုးလ်ရှားက သုံးသပ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ချဲလ်ဆီးနဲ့ အိုးထရတ်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးမရှိ သရေကျခဲ့တာပါ။  ချဲလ်ဆီးက ဆီဗီလာနဲ့ ချန်ပီယံလိဂ်ပွဲ ကစားခဲ့ရသလို မန်ယူအသင်းကလည်း ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲ သွားကစားခဲ့ရတာပါ။ အဲဒီလို ဥရောပပွဲပြိုင်ပွဲတွေ ကစားခဲ့ရတာကြောင့်  နှစ်သင်းစလုံးက ပထမပိုင်းမှာ အကောင်းဆုံး မကစားနိုင်ခဲ့ကြကြောင်း နည်းပြဆိုးလ်ရှားက ပြောပါတယ်။  ဒါပေမဲ့ ဒုတိယပိုင်းမှာ ယူနိုက်တက်အသင်းက အခွင့်အရေးကောင်းတွေ ပိုမိုဖန်တီးနိုင်ခဲ့ပြီး အနိုင်ရခဲ့သင့်တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။ ခက်ခဲတဲ့ ရက်သတ္တပတ်မှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေရလဒ် ရယူနိုင်ခဲ့တယ်လို့လည်း ချဲလ်ဆီးနဲ့ ပွဲအပြီးမှာ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  ချဲလ်ဆီးနည်းပြ လမ်းပတ်ကတော့ ဂိုးမပေးခဲ့ရတဲ့အပေါ်မှာ ပျော်ရွှင်ပြီး သရေ ၁ မှတ်ထက်ပိုတဲ့ရလဒ် ရယူချင်ပေမယ့်လည်း ယူနိုက်တက်ကွင်းမှာ အမှတ်ပြည့်ရဖို့ ခက်ခဲကြောင်း ပွဲအပြီးမှာ ပြောပါတယ်။ 
1 year Ago
Up