ပွဲကစားချိန် အနည်းဆုံး

January 25, 2020

ပွဲကစားချိန် အနည်းဆုံးနှင့် ဂိုးအများဆုံး သွင်းသူအဖြစ် ဟာလန်း မှတ်တမ်းဝင်

ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းဟာ ဘွန်ဒက်စ်လီဂါသမိုင်းတလျှောက်မှာ ပွဲဦးထွက် ၂ ပွဲမှာပဲ ပွဲကစားချိန် အနည်းဆုံးနဲ့ ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။  သြစတြီးယားကလပ် ဆဲလ်ဘက်အသင်းကနေ ပြောင်းရွှေ့လာတဲ့ နော်ဝေ လူငယ် တိုက်စစ်မှူး ဟာလန်းဟာ ဒေါ့မွန်းအသင်းနဲ့ အဖွင့် နှစ်ပွဲမှာပဲ ၅ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ပထမဆုံးပွဲစဉ်ဖြစ်တဲ့ အော့စ်ဘက်အသင်းနဲ့ ပွဲစဉ်မှာ  လူစားဝင်ကစားခဲ့ပြီး ဟတ်ထရစ် ၃ ဂိုး သွင်းယူနိုင်ခဲ့လို့ ဒုတိယပွဲစဉ်ဖြစ်တဲ့ ကိုလုံးအသင်းနဲ့ ပွဲစဉ်မှာလည်း လူစားဝင်ကစားပြီး အနိုင်ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့တာပါ။  ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းဟာ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းထက် ဂိုးပိုမို သွင်းယူနိုင်ခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့ပါတယ်။  ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ၅၇ မိနစ်သာ ကစားခဲ့ရပေမယ့်လည်း သွင်းဂိုး ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး မန်ယူအသင်းကတော့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၄ ဂိုးသာ ရှိခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ အာဆင်နယ်၊ လီဗာပူး၊ ဘန်လေအသင်းတွေနဲ့ ပွဲတွေမှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ နော့ဝှစ်ချ်နဲ့ ပွဲမှာပဲ ၄ ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up