ပွါတိုရီကိုနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းမှာ ဇန်နဝါရီလ ၆ ရက်က ပြင်းအား ၅ ဒသမ ၈ မဂ္ဂနီကျူ့အဆင့် မြေငလျင်လှုပ်ခဲ့ပြီး သေဆုံးဒဏ်ရာရတဲ့ သတင်းကို မသိရသေးပါဘူး။
မြေငလျင်ဗဟိုချက်ဟာ အင်ဒီယို့စ်ဒေသ အရှေ့-အရှေ့တောင်ဘက် ၈ မိုင်အကွာမှာ ဖြစ်ပြီး မြေအောက် ၃ ဒသမ ၇ မိုင်အနက်ကနေ လှုပ်ခဲ့တယ်လို့ အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မြေငလျင်ကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ ဆွဲဆောင်ရာနေရာ တခုဖြစ်ခဲ့တဲ့ ကမ်းခြေပေါ်က နေအိမ်တွေ ထိခိုက်ပြီး ကျောက်လွှာဖွဲ့စည်းပုံ ပျက်စီးခဲ့ပါတယ်။
နောက်ပြီး ဂွါနီကာနဲ့ ဂွါယန်နီယာမြို့က နေအိမ်အများအပြား တိုင်တွေ ယိုင်လဲကုန်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အဲဒီနေရာမှာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်တွေထဲမှာ အခုမြေငလျင်က အကြီးမားဆုံး ဖြစ်ပါတယ်။
ဂွါယန်နီယာမြို့မှာလည်း ကာရေဘီယန်ပြတင်း ဆိုပြီး ထင်ရှားတဲ့ ဒိုးနပ်ပုံစံတွင်းပေါက်နဲ့ နောက်ခံ ပင်လယ်ရှုခင်းရှိတဲ့ အပေါ်ယံကျောက်နဲ့ မြေလွှာဟာ မြေငလျင်ကြောင့် ပင်လယ်ထဲ ထိုးဆင်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago