ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ တိုက်စစ်ဖွင့်ကစားလွန်းရင် ပြဿနာရှိနိုင်တယ်လို့ မန်ယူနည်းပြဆိုးလ်ရှားက ပြောပါတယ်။
မန်ယူအသင်းဟာ ဒီဇင်ဘာ ၃၀ ရက်မနက်ပိုင်းမှာ ဝုဗ်အသင်းနဲ့အိမ်ကွင်းမှာလက်ခံ ကစား သွားရမှာပါ။
နောက်ဆုံးပရီးမီးယားလိဂ် ၃ပွဲမှာ ပေးဂိုး၆ အထိခွင့်ပြုခဲ့ရတာကြောင့် ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာ တိုက်စစ်ဖွင့်ကစားလွန်းရင် ပြဿနာတစ်ခုရှိလာနိုင်တယ်လို့ ဆိုးလ်ရှားကပြောပါတယ်။
ဝုဗ်အသင်းနဲ့တွေ့ဆုံတိုင်းခက်ခဲတတ်ပေမဲ့ မန်ယူအသင်းကခြေစွမ်းတိုးတက်လာပြီး မတူညီတဲ့ ပွဲစဉ်တွေမှာ မတူညီတဲ့ ချဉ်းကပ်ပုံတွေနဲ့ ရင်ဆိုင်လာနိုင်ခဲ့တယ်လို့ ဆိုးလ်ရှားကပြောပါတယ်။
တိုက်စစ်မှူးသစ် ကာဗာနီ အနေနဲ့လည်း အသင်းနဲ့အတူအသားကျလာပြီး ဖိအားတွေကို ကျော်လွှား နိုင်လိမ့်မယ်လို့ နည်းပြဆိုးလ်ရှားက သုံးသပ်ပြောပါတယ်။
2 months Ago