ပြဿနာများ

February 9, 2020

ယူနိုက်တက်အသင်း၏ ပြဿနာများကို ဖွင့်ဟခဲ့သည့် ဖရက်

ကွင်းအတွင်း ရလဒ်ကောင်းတွေ ရယူဖို့အတွက် ယူနိုက်တက်အသင်းဟာ အဝတ်လဲခန်းထဲမှာလည်း စည်းလုံးမှုမြှင့်တင်ဖို့ လိုအပ်နေတယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖရက်က ဝန်ခံပြောဆိုလိုက်ပါတယ်။ အိုလေဂန်နာဆိုးလ်ရှားရဲ့ အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာက ချဲလ်ဆီးအသင်းနဲ့ ၆ မှတ်အကွာမှာ ရှိနေပြီးတော့ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် စိတ်ပူရမယ့်အခြေအနေကို ရောက်ရှိနေပါတယ်။  အခုလ အစောပိုင်းတုန်းကလည်း နည်းပြကြီးက အသင်းရဲ့ လူစာရင်းကို ပြန်လည်တည်ဆောက်ဖို့ ဆောင်ရွက်ချက်တွေ လိုအပ်နေပြီး လက်ရှိကစားသမားတွေထဲမှာ အသင်းအတွက် မကစားပေးချင်နေသူတွေ ရှိနေတယ်လို့ ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။ ဖရက်က နည်းပြကြီးရဲ့ လက်ရှိအသင်းနဲ့ပတ်သက်တဲ့ မှတ်ချက်ကို ထောက်ခံခဲ့ပြီး ကစားသမားတွေအနေနဲ့ ခံယူချက်ပိုင်းဆိုင်ရာ မြှင့်တင်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ အခိုင်အမာ ပြောဆိုပါတယ်။ “ကျနော်တို့မှာ အားနည်းချက်တွေ အများကြီးရှိနေပါတယ်။ ပထ၀မတချက်က ကွင်းထဲမှာ ရှိနေတဲ့ အရာတွေကို အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး ဖန်တီးနိုင်စွမ်း နည်းပါးနေပါတယ်။ အထူးသဖြင့် ကွင်းလယ်ပိုင်းမှာ ဖြစ်ပါတယ်”လို့ ဘရာဇီ ကွင်းလယ်လူက ပြောပါတယ်။ ဒါ့အပြင် အသင်းမှာ အစုအဖွဲ့အလိုက် တိုးတက်ဖို့ လိုအပ်နေသေးသလို အတူတကွ ပူးပေါင်းဆောင်ရွက်မှု နည်းပါးနေပြီး ပြဿနာတွေအများကြီး ရှိနေတယ်လို့ ဆိုပါတယ်။ “ဒီအတွက် ဆွေးနွေးမှုပေါင်းများစွာကိုလည်း လုပ်ဆောင်ခဲ့ပြီးပါပြီ။ အဖွဲ့အစည်းတိုင်းမှာ ဒီလို ပြဿနာတွေ ရှိတတ်ပြီးတာ့ ကျနော်တို့မှာလည်း ဒီပြဿနာ ရှိပါတယ်။ မာနထောင်လွှားခြင်းကလည်း ပြဿနာတခု ဖြစ်ပြီးတော့ အသင်းသားတွေဟာ ဒီလုပ်ရပ်တွေကို ရပ်တန့်ပြီး ကွင်းထဲကို ပြေးဝင်သွားဖို့ လိုအပ်ပါတယ်။ အသင်းသားတွေ အနေနဲ့ ကိုယ့်စိတ်ထဲမှာ ခံယူချက်တခုကိုထားပြီး အဲဒီခံယူချက်အတိုင်း လုပ်ဆောင်ကာ ရှေ့ကို ဆက်သွားသင့်ပါတယ်။ ကျနော်တို့အားလုံးမှာ တူညီတဲ့ အကြောင်းအရာတခုတည်း ရှိနေသင့်ပါတယ်။ လက်ရှိအခြေအနေတွေမှာတော့ ကစားသမားတွေဟာ မတူ ကွဲပြားတဲ့ အကြောင်းအရာတွေ ရှိနေပါတယ်။ တချို့ကစားသမားတွေက ပြဿနာတွေကို တဦးတည်း ဖြေရှင်းဖို့ ကြိုးစားနေကြပြီးတော့ ဒါဟာ မှားယွင်းနေပါတယ်။”
1 year Ago
Up