ပြွန်တန်ဆာမြို့နယ်

October 3, 2021

ပြွန်တန်ဆာမြို့နယ်တွင် မိုင်တဲလ်တာဝါ ၂ တိုင် ဗုံးခွဲခံရ

ပဲခူးတိုင်းဒေသကြီး၊​ ညောင်​လေးပင်မြို့နယ်၊​ ပြွန်တန်ဆာ​မြို့မှာ  အောက်တိုဘာ  ၂ ရက် မနေ့  ည ၁၂  နာရီလောက်က စစ်တပ်နဲ့ စစ်ခေါင်းဆောင်မိသားစုစီးပွားရေးနဲ့ ဆက်နွှယ်နေတဲ့  မိုင်တဲလ်တာဝါ ၂ တိုင် ဗုံးခွဲခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

နှင်းဝိကျေးရွာ ​ညောင်ပင်လှဘုန်း​ကြီး​ကျောင်းအနီးက မိုင်တဲလ်တာဝါတိုင်နဲ့ နဘဲပင်​ကျေးရွာမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်တို့ ဗုံးခွဲခံရတာ ဖြစ်ပါတယ်။

“နဘဲပင်ကျေးရွာနဲ့ နှင်းဝိ​ကျေးရွာ ​ညောင်ပင်လှဘုန်း​ကြီး​ကျောင်းအနီးကတာဝါတိုင် နှစ်ခုလုံးဟာ ဗုံး​ပေါက်ကွဲမှု​ကြောင့်  ထိခိုက်ဆုံးရှုံး မှုများသွားတယ်။ နှင်းဝိကျေးရွာ ညောင်လေးပင်လှ ဘုန်းကြီးကျောင်းအနီးက   မိုင်တဲလ်တာဝါတိုင်အနီးမှာပဲ မပေါက်သေးတဲ့ ဗုံးတလုံး ကျနေခဲ့တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုင်တဲလ်တာဝါတိုင် ဖောက်ခွဲခံရတဲ့ ကျေးရွာတွေကို ဒီနေ့မနက်ကတည်းက ရဲတပ်ဖွဲ့အင်အားအများအပြားနဲ့ ရောက်ရှိပြီး ခုတော့ စစ်ကားနှစ်စီးနဲ့ နှင်းဝိကျေးရွာ ညောင်ပင်လှ ဘုန်းကြီးကျောင်းဘက်ကို ဆင်းလာ​နေပြီလို့ ဆိုပါတယ်။

"နှင်းဝိကျေးရွာက ချောင်းတဘက်က ဒိုက်ဦးမြို့အပိုင်၊ ဗုံးတစ်လုံးကွဲ​ပြီး တစ်လုံးမကွဲ တဲ့တာဝါတိုင်က ပြွန်တန်ဆာမြို့အပိုင်မှာ​ဖြစ်တာ၊ အခုအချိန်ထိတော့ ရွာမှာစစ်ဆေးမေးမြန်းတာ တွေလုပ်နေတုန်းပဲ ဖမ်းတာဆီးတာတော့ မကြားရသေးဘူး၊ပြီးမှ မသင်္ကာတဲ့ ဒေသခံကို အဓ္ဓမ ဖမ်းဦးမယ်ထင်တယ်"လို့ ရွာသား တစ်ယောက်က ပြောပါတယ်။

မနေ့ညက မိုင်တဲလ်တာဝါတိုင်ဗုံးပေါက်ကွဲမှုဟာ ပဲခူးတိုင်းစစ်တိုင်မှူး ဒိုက်ဦး ၊ညောင်လေးပင် ၊ရွှေကျင်မြို့တို့ကို လာရောက်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

ညောင်လေးပင်မြို့နယ်မှာ ရံဖန်ရံခါ ဗုံးပေါက်ကွဲမှုတွေရှိနေပေမဲ့ ဘယ်အဖွဲ့အစည်းက ဗုံးဖေါက်ခွဲ ဖျက်ဆီးတယ်ဆိုတာတော့ ထုတ်ပြန်တာတွေ မရှိပါဘူး။

1 year Ago
Up