ပွဲကြီးပွဲကောင်းများ ပါဝင်သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်များ

February 14, 2017

ပွဲကြီးပွဲကောင်းများ ပါဝင်သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်များ

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေကို ဒီကနေ့ညမှာ ယှဉ်ပြိုင်ကစားကြတော့မှာပါ။ ဘာစီလိုနာအသင်းက ပီအက်စ်ဂျီကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး ဒေါ့မွန်က ဘင်ဖီကာကွင်းမှာ သွားရောက်ရင်ဆိုင်ရာမှာပါ။ ဘာစီလိုနာအသင်းမှာ ဒဏ်ရာရနေတဲ့ အဲလက်စ်ဗီဒယ် ပါဝင်နိုင်မှာ မဟုတ်သလို အဒါတူရန်နဲ့ မာရှေယာနိုတို့လည်း ဒဏ်ရာကြောင့် ပါဝင်နိုင်မှာဟုတ်ဘူးလို့ သိရပါတယ်။ မက်ဆီ၊ ဆွာရက်ဇ်နဲ့ နေမာတို့ရဲ့ အမ်အက်စ်အန် တိုက်စစ်အတွဲကတော့ ကြံ့ခိုင်မှု ပြည့်ဝနေပါတယ်။ ပီအက်စ်ဂျီအသင်းမှာတော့ ကွင်းလယ်ကစားသမား ပက်စ်တိုရီ ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရပြီး အဓိကနောက်ခံလူ သီယာဂိုဆေးလ်ဗား ဒဏ်ရာရနေတာကြောင့် ဘာစီလိုနာတိုက်စစ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်ရဖို့ ရှိနေပါတယ်။ ကာဗာနီ၊ ဒီမာရီယာ၊ လူးကပ်စ်မော်ရာ၊ မာတူဒီ စတဲ့ ပီအက်စ်ဂျီရဲ့ အမာခံကစားသမားတွေကတော့ ကြံ့ခိုင်မှု ပြည့်နေပါတယ်။ ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီနဲ့ နောက်ဆုံး ၃ ကြိမ် တွေ့ဆုံရာမှာတော့ ၃ ပွဲစလုံး နိုင်ပွဲရထားပြီး ပီအက်စ်ဂျီနဲ့ တွေ့ဆုံခဲ့တဲ့ ၉ ကြိမ်မှာလည်း ပွဲတိုင်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၁၅ ရက် ညမှာတော့ အာဆင်နယ်အသင်းက ဘိုင်ယန်မြူးနစ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က နာပိုလီကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။
4 years Ago
Up