ပြောပြီးရင်းပြောနေရဦးမယ့် စည်ပင်သာယာအကြောင်း

September 13, 2019

 ပြောပြီးရင်းပြောနေရဦးမယ့် စည်ပင်သာယာအကြောင်း

  အပြောင်းအလဲတခုအတွက် လူထုအမြင်မှာ ထင်သာမြင်သာဖြစ်စေတာက စည်ပင်သာယာပဲ။ စည်ပင်သာယာရဲ့ လုပ်ဆောင်မှုကောင်းရင် လူထုအမြင်မှာ အပြောင်းအလဲတခုတော့ ရှိပါတယ်လို့မြင်မယ်။ စည်ပင်သာယာ လုပ်ဆောင်မှုညံ့ရင် ဘာမှမပြောင်းလဲပါဘူးကွာ လို့ပြောကြမှာပါ။ ဘာလို့လဲဆိုတော့ စည်ပင်သာယာဟာ လူထုနဲ့အထိစပ်ဆုံးမှာရှိနေလို့ပါပဲ။  မနက်မိုးလင်းတာနဲ့ အမှိုက်သန့်ရှင်းရေး၊ ဈေးသန့်ရှင်းရေး၊ အလေးအချိန်အတွယ် မှန်ကန်ရေး ဆိုတာတွေနဲ့ စတင်ထိတွေ့ကြရတာပါ။ ပြီးမှ သွားရေးလာရေးခရီအဆုံး စည်ပင်သာယာအောက်မှာ အစစကြုံတွေ့ဖြတ်သန်းကြရတာ မဟုတ်လား။ ဒါကြောင့် စည်ပင်သာယာဟာ အရေးကြီးတယ်လို့ပြောတာ။ စည်ပင်သာယာဆိုတာ မြို့တော်ဝန်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိစမြဲပဲ။ မြို့တော်ဝန်ဟာ နိုင်ငံတော်သမ္မတက ခန့်ထားတဲ့ဝန်ကြီးလည်းဖြစ်တယ်။ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တယ်။ ကော်မတီကတော့ ဝန်ကြီချုပ်ကို တိုက်ရိုက်အစီရင်ခံရပါတယ်။  သမိုင်းကြောင်းကိုပြန်ကြည့်တော့ မြို့တော်ဝန်ဆိုတာ အင်္ဂလက်ထက် ၁၉၂၂  ခုနှစ်ရောက်မှ မြူနီစီပါယ်အက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းပြီး မြို့တော်ဝန်ကိုရွေးချယ်ခဲ့တာ။ သူ့အရင်ကတော့ ၁၈၇၄ ခုနှစ် မတ်လ ၂၄ ရက်မှာ ရန်ကုန်မြူနီစီပါယ်အက်ဥပဒေကို စတင်ပြဋ္ဌာန်းခဲ့တာပါ။ ပထမဆုံးမြူဥက္ကဋ္ဌက ဆရာဝန်ကြီး ဦးဘရင်ပါ။ ၁၉၂၂ ရဲ့ ပထမဦးဆုံးမြို့တော်ဝန်က မစ္စတာမွန်ရှီးလို့ဆိုပါတယ်။ မြို့တော်ဝန်ကို မဲနဲ့ရွေးချယ်ခြင်းရဲ့အဆုံးသတ်ကတော့ ၁၉၅၆ ခုနှစ်ပါပဲ။ အဲ့ဒီနောက် စစ်တပ်က အာဏာသိမ်းတဲ့အချိန်ကစပြီး မြို့တော်ဝန်ဟာ လူထုဆန္ဒမဲနဲ့ရွေးချယ်တာ မဟုတ်တော့ပဲ မိုးကျရွှေကိုယ်တွေကို အာဏာရှိ သူကပဲ တိုက်ရိုက်ခန့်ထားခဲ့ပါတော့တယ်။ ဒီလိုခန့်ထားတာကတော့ ၁၉၅၈ ဗိုလ်နေဝင်း အိမ်စောင့်အစိုးရကာလမှာ စတင်ခဲ့တာပါ။ ၁၉၇၄ မှာတော့ “ရန်ကုန်မြူနီစီပယ်ကော်မတီ” ကို “ရန်ကုန်မြို့တော်စီပင်သာယာရေးအဖွဲ့” လို့ အမည်စတင်ပြောင်းခဲ့ပါတယ်။ ဥပဒေတွေလည်း အဆင့်ဆင့်ပြောင်းလာခဲ့တယ်။ ရန်ကုန်စည်ပင်သာယာရေးအက်ဥပဒေ လို့ အမည်သာရှိပေမယ့် စစ်တပ်က တိုက်ရိုက်ခန့်ထားတဲ့ မြို့တော်ဝန်ကပဲ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့တာပါ။   အဲ့ဒီလိုနဲ့ နှစ်ပေါင်း ၆၀ ကျော် မိုးကျရွှေကိုယ်ခန့်ထားရာကနေ လူထုဆန္ဒနဲ့ စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးချက်တင်မြှောက်ခြင်းကို ၂၀၁၄ ဒီဇင်ဘာလကုန်ပိုင်မှာ တကျော့ပြန်လုပ်ဆောင်လာခဲ့ပါတယ်။ ဒါလည်း သိပ်မကြာလိုက်ပါဘူး။ ကော်မတီဖွဲ့ပြီး ၁၇ လအကြာမှာ လူထုမဲနဲ့ရွေးကောက်ခဲ့တဲ့ ကော်မတီတွေကို ဖျက်သိမ်းလိုက်ပြန်ပါတယ်။ ၂၀၁၆ မေလထဲ အစိုးရသစ်တက်ပြီးတာနဲ့ ဖျက်သိမ်းလိုက်တာပါ။ ရွေးကောက်ပွဲပြန်စဖြစ်တာက ၂၀၁၉ မတ်လထဲမှာပါ။ သုံးနှစ်နီးပါး ပြည်သူ့ကိုယ်စားလှယ်မရှိဘဲ လျစ်လျူရှု့ခဲ့တာ။ ၂၀၁၄ စည်ပင်ကော်မတီတွေက အမှန်တကယ်အလုပ်လုပ်ခဲ့တာကြောင့် ပြည်သူထုရဲ့ နှစ်လိုဖွယ်အဖွဲ့တခုဖြစ်ခဲ့တာကိုတော့ ငြင်းမရပါဘူး။   လက်ရှိ စည်ပင်ကော်မတီပြန်လည်ရွေးချယ်ခန့်အပ်ခဲ့တာ အခုဆိုရင် ၆ လနီးပါးရှိနေပြီ။ ထင်သာမြင်သာတဲ့ လုပ်ဆောင်မှု မတွေ့ရသေးပါဘူး။ မြို့တော်သန့်ရှင်းရေးမှာလည်း မနက်လင်းတာနဲ့ အနံ့ဆိုးတွေကလည်း ထွက်နေဆဲပါ။ အရင်က မိုးမလင်းမီကတည်းက လမ်းထိပ်အမှိုက်ပုံးတွေသိမ်းပြီး စုပုံတဲ့နေရာတွေမှာ တပတ်တကြိမ် ထုံးဖြူး ပေးခဲ့လို့ အနံ့အသက်ကင်းခဲ့ဖူးတယ်။ အခုတော့ ဒါတွေလည်း လုပ်ဆောင်တာ မတွေ့ရဘူး။စ ည်းကမ်းမဲ့ယာဉ်ရပ်နားမှု၊ လမ်းဘေးပလက်ဖောင်းဈေးသည်၊ ခွေးလေခွေးလွင့်၊ ကျူးကျော်နေထိုင်မှု၊ ပန်းခြံသာယာမှုမှအစ ပြောချင်စရာတွေ အများကြီးရှိနေတယ်။ YBS ယာဉ်လိုင်းတွေကလည်း အချိန်ကြာလာတာနဲ့အမျှ စည်းကမ်းတွေလျော့လာတယ်။ မန္တလေးစည်ပင်သာယာနဲ့ သိသိသာသာ ကွာခြားသွားတာကိုလည်းတွေ့နေရတယ်။ မန္တလေးလူထုကတော့ သူတို့ မြို့ဟာ သိသာထင်ရှားတဲ့ ပြောင်လဲမှုတွေကို ခံစားရတယ်လို့ ဆိုပါတယ်။ အမှန်တကယ်လည်း သိသာတဲ့အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ လူထုပူးပေါင်းပါဝင်လာအောင်လည်း ပြည်သူရဲ့အကြံပြုစာပေးပို့နိုင်အောင်စီ စဉ်ပေးနိုင်ခဲ့တယ်။ ပြည်သူပူးပေါင်းမှုအားကောင်းပုံကို နမူနာပြုပြောရရင် လမ်းဖောက်ရာမှာမလွတ်တဲ့ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းကို လိုလိုချင်ချင်ဖျက်ပေး၊ ရွှေ့ပေးခဲ့တယ်။ သိန်းပေါင်းသောင်းချီတန်တဲ့ မြေ ၂ ကွက်ကိုလည်း ပိုင်ရှင်တွေရဲ့စိတ် ဆန္ဒအလျောက် ဖယ်ပေးခဲ့တယ်။ အဲ့လိုဖယ်ပေးနိုင်အောင် ဆွေးနွေးညှိနှိုင်းနိုင်ခြင်းဟာလည်း မန္တလေးစည်ပင်ရဲ့ အားသာချက်တရပ်အဖြစ် မြင်တွေ့ရပါတယ်။  မြို့ပြလူနေမှုပုံစံအပြောင်းအလဲကို ရန်ကုန်မှာ မြင်တွေ့ရမှုနည်းပါးနေတာ ကို တွေ့ရတယ်။ မြို့တွင်းသွားလာမှုမှာ ပလက်ဖောင်းမဲ့လမ်းတွေဖြစ်နေတယ်။ ဈေးသည်က ပလက်ဖောင်းမှာရောင်းသလို လူတွေက လမ်းမပေါ်တက် လျောက်ရ။ လမ်းဘေးဝဲယာမှာက အိမ်စီးကာများကလည်း လမ်းမပေါ်မှာ တနေကုန်အသေရပ်ထားလေရဲ့။ ကျန် ကားတွေကလည်း ထပ်ရပ်တော့ နှစ်ထပ်ပါကင်ဖြစ်နေရော။ လမ်းဘေးဝဲယာနှစ်ခုပေါင်းတော့ လေးထပ်ပါကင်ဖြစ် သွားပြီ။ ဒီတော့ ကားအသွားအလာလမ်းကြောင်းက တကယ့်ကြပ်ကြပ်တည်းတည်းပဲ။ အဲသလို လမ်းမပေါ်ယာဉ် ကြောသွားလာမှုပိတ်ဆို့နေခြင်းတွေဟာ နေ့တဓူဝ ရန်ကုန်လူထုကြုံတွေ့နေရတဲ့ ဒုတ္ခတွေပဲ။ တကယ်ဆို ပလက်ဖောင်း‌‌ဈေးသည်နဲ့ ယာဉ်ရပ်နားမှုကိစ္စတွေက အသေအချာစီမံခန့်ခွဲပေးနိုင်ရမှာပါ။ ကဲ ..စည်ပင်သာယာအကြောင်းပြောရရင် တထောင့်တည ပုံပြင်ထက်ရှည်ကြာဦးမယ်ထင်တယ်။ ဒေါ်မာမာအေးစကားလိုပဲ ပြောစရာတွေကလည်း တပုံကြီးကျန်သေးတယ်။ ရှေ့မှာပြောခဲ့သလိုပဲ လူထုအတွက် ထင်သာမြင်သာရှိတဲ့ ပြောင်းလဲရေးဟာ စည်ပင်ပါ။ အလွယ်ဆုံးအမြင်သာဆုံးအပြောင်းအလဲကို ဖော်ဆောင်မပေးနိုင်တာဟာ စီမံခန့်ခွဲမှုအားနည်းတာလား၊ စည်ပင်ရဲ့ဌာနမှူးတွေဟာ စစ်ဘက်အသွင်ပြောင်းတွေ ဖြစ်နေလို့ပဲလားဆိုတာကတော့ စဉ်းစားစရာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ထင်သာမြင်သာတဲ့ ပြုပြင်ပြောင်းလဲမှုကို မဖော်ဆောင်နိုင်လောက‌ေအောင် အားနည်းချက်ချို့ယွင်းချက်ရှိနေခဲ့ရင် ဖယ်ထုတ်ဖို့ တာဝန်ဟာ အစိုးရဆီရောက်လာပါတယ်။ သေချာစိစစ်ပြီး လူထုအကျိုးလုပ်ဆောင်ပေးကြပါရန် တိုက်တွန်းရေးသားလိုက်ရပါကြောင်းဗျာ။ ထွန်းဇော်ဌေး
ေျပာၿပီးရင္းေျပာေနရဦးမယ့္ စည္ပင္သာယာအေၾကာင္း အေျပာင္းအလဲတခုအတြက္ လူထုအျမင္မွာ ထင္သာျမင္သာျဖစ္ေစတာက စည္ပင္သာယာပဲ။ စည္ပင္သာယာရဲ႕ လုပ္ေဆာင္မႈေကာင္းရင္ လူထုအျမင္မွာ အေျပာင္းအလဲတခုေတာ့ ရွိပါတယ္လို႔ျမင္မယ္။ စည္ပင္သာယာ လုပ္ေဆာင္မႈညံ့ရင္ ဘာမွမေျပာင္းလဲပါဘူးကြာ လို႔ေျပာၾကမွာပါ။ ဘာလို႔လဲဆိုေတာ့ စည္ပင္သာယာဟာ လူထုနဲ႔အထိစပ္ဆုံးမွာရွိေနလို႔ပါပဲ။ မနက္မိုးလင္းတာနဲ႔ အမႈိက္သန႔္ရွင္းေရး၊ ေဈးသန႔္ရွင္းေရး၊ အေလးအခ်ိန္အတြယ္ မွန္ကန္ေရး ဆိုတာေတြနဲ႔ စတင္ထိေတြ႕ၾကရတာပါ။ ၿပီးမွ သြားေရးလာေရးခရီအဆုံး စည္ပင္သာယာေအာက္မွာ အစစႀကဳံေတြ႕ျဖတ္သန္းၾကရတာ မဟုတ္လား။ ဒါေၾကာင့္ စည္ပင္သာယာဟာ အေရးႀကီးတယ္လို႔ေျပာတာ။ စည္ပင္သာယာဆိုတာ ၿမိဳ႕ေတာ္ဝန္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာရွိစၿမဲပဲ။ ၿမိဳ႕ေတာ္ဝန္ဟာ ႏိုင္ငံေတာ္သမၼတက ခန႔္ထားတဲ့ဝန္ႀကီးလည္းျဖစ္တယ္။ စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒လည္းျဖစ္တယ္။ ေကာ္မတီကေတာ့ ဝန္ႀကီခ်ဳပ္ကို တိုက္႐ိုက္အစီရင္ခံရပါတယ္။ သမိုင္းေၾကာင္းကိုျပန္ၾကည့္ေတာ့ ၿမိဳ႕ေတာ္ဝန္ဆိုတာ အဂၤလက္ထက္ ၁၉၂၂  ခုႏွစ္ေရာက္မွ ျမဴနီစီပါယ္အက္ဥပေဒကို ျပင္ဆင္ျပ႒ာန္းၿပီး ၿမိဳ႕ေတာ္ဝန္ကိုေ႐ြးခ်ယ္ခဲ့တာ။ သူ႔အရင္ကေတာ့ ၁၈၇၄ ခုႏွစ္ မတ္လ ၂၄ ရက္မွာ ရန္ကုန္ျမဴနီစီပါယ္အက္ဥပေဒကို စတင္ျပ႒ာန္းခဲ့တာပါ။ ပထမဆုံးျမဴဥကၠ႒က ဆရာဝန္ႀကီး ဦးဘရင္ပါ။ ၁၉၂၂ ရဲ႕ ပထမဦးဆုံးၿမိဳ႕ေတာ္ဝန္က မစၥတာမြန္ရွီးလို႔ဆိုပါတယ္။ ၿမိဳ႕ေတာ္ဝန္ကို မဲနဲ႔ေ႐ြးခ်ယ္ျခင္းရဲ႕အဆုံးသတ္ကေတာ့ ၁၉၅၆ ခုႏွစ္ပါပဲ။ အဲ့ဒီေနာက္ စစ္တပ္က အာဏာသိမ္းတဲ့အခ်ိန္ကစၿပီး ၿမိဳ႕ေတာ္ဝန္ဟာ လူထုဆႏၵမဲနဲ႔ေ႐ြးခ်ယ္တာ မဟုတ္ေတာ့ပဲ မိုးက်ေ႐ႊကိုယ္ေတြကို အာဏာရွိ သူကပဲ တိုက္႐ိုက္ခန႔္ထားခဲ့ပါေတာ့တယ္။ ဒီလိုခန႔္ထားတာကေတာ့ ၁၉၅၈ ဗိုလ္ေနဝင္း အိမ္ေစာင့္အစိုးရကာလမွာ စတင္ခဲ့တာပါ။ ၁၉၇၄ မွာေတာ့ “ရန္ကုန္ျမဴနီစီပယ္ေကာ္မတီ” ကို “ရန္ကုန္ၿမိဳ႕ေတာ္စီပင္သာယာေရးအဖြဲ႕” လို႔ အမည္စတင္ေျပာင္းခဲ့ပါတယ္။ ဥပေဒေတြလည္း အဆင့္ဆင့္ေျပာင္းလာခဲ့တယ္။ ရန္ကုန္စည္ပင္သာယာေရးအက္ဥပေဒ လို႔ အမည္သာရွိေပမယ့္ စစ္တပ္က တိုက္႐ိုက္ခန႔္ထားတဲ့ ၿမိဳ႕ေတာ္ဝန္ကပဲ စည္ပင္သာယာေရးေကာ္မတီဥကၠ႒ အျဖစ္တာဝန္ယူခဲ့တာပါ။ အဲ့ဒီလိုနဲ႔ ႏွစ္ေပါင္း ၆၀ ေက်ာ္ မိုးက်ေ႐ႊကိုယ္ခန႔္ထားရာကေန လူထုဆႏၵနဲ႔ စည္ပင္သာယာေရးေကာ္မတီ အဆင့္ဆင့္ေ႐ြးခ်က္တင္ေျမႇာက္ျခင္းကို ၂၀၁၄ ဒီဇင္ဘာလကုန္ပိုင္မွာ တေက်ာ့ျပန္လုပ္ေဆာင္လာခဲ့ပါတယ္။ ဒါလည္း သိပ္မၾကာလိုက္ပါဘူး။ ေကာ္မတီဖြဲ႕ၿပီး ၁၇ လအၾကာမွာ လူထုမဲနဲ႔ေ႐ြးေကာက္ခဲ့တဲ့ ေကာ္မတီေတြကို ဖ်က္သိမ္းလိုက္ျပန္ပါတယ္။ ၂၀၁၆ ေမလထဲ အစိုးရသစ္တက္ၿပီးတာနဲ႔ ဖ်က္သိမ္းလိုက္တာပါ။ ေ႐ြးေကာက္ပြဲျပန္စျဖစ္တာက ၂၀၁၉ မတ္လထဲမွာပါ။ သုံးႏွစ္နီးပါး ျပည္သူ႔ကိုယ္စားလွယ္မရွိဘဲ လ်စ္လ်ဴရႈ႕ခဲ့တာ။ ၂၀၁၄ စည္ပင္ေကာ္မတီေတြက အမွန္တကယ္အလုပ္လုပ္ခဲ့တာေၾကာင့္ ျပည္သူထုရဲ႕ ႏွစ္လိုဖြယ္အဖြဲ႕တခုျဖစ္ခဲ့တာကိုေတာ့ ျငင္းမရပါဘူး။ လက္ရွိ စည္ပင္ေကာ္မတီျပန္လည္ေ႐ြးခ်ယ္ခန႔္အပ္ခဲ့တာ အခုဆိုရင္ ၆ လနီးပါးရွိေနၿပီ။ ထင္သာျမင္သာတဲ့ လုပ္ေဆာင္မႈ မေတြ႕ရေသးပါဘူး။ ၿမိဳ႕ေတာ္သန႔္ရွင္းေရးမွာလည္း မနက္လင္းတာနဲ႔ အနံ႔ဆိုးေတြကလည္း ထြက္ေနဆဲပါ။ အရင္က မိုးမလင္းမီကတည္းက လမ္းထိပ္အမႈိက္ပုံးေတြသိမ္းၿပီး စုပုံတဲ့ေနရာေတြမွာ တပတ္တႀကိမ္ ထုံးျဖဴး ေပးခဲ့လို႔ အနံ႔အသက္ကင္းခဲ့ဖူးတယ္။ အခုေတာ့ ဒါေတြလည္း လုပ္ေဆာင္တာ မေတြ႕ရဘူး။စ ည္းကမ္းမဲ့ယာဥ္ရပ္နားမႈ၊ လမ္းေဘးပလက္ေဖာင္းေဈးသည္၊ ေခြးေလေခြးလြင့္၊ က်ဴးေက်ာ္ေနထိုင္မႈ၊ ပန္းၿခံသာယာမႈမွအစ ေျပာခ်င္စရာေတြ အမ်ားႀကီးရွိေနတယ္။ YBS ယာဥ္လိုင္းေတြကလည္း အခ်ိန္ၾကာလာတာနဲ႔အမွ် စည္းကမ္းေတြေလ်ာ့လာတယ္။ မႏၲေလးစည္ပင္သာယာနဲ႔ သိသိသာသာ ကြာျခားသြားတာကိုလည္းေတြ႕ေနရတယ္။ မႏၲေလးလူထုကေတာ့ သူတို႔ ၿမိဳ႕ဟာ သိသာထင္ရွားတဲ့ ေျပာင္လဲမႈေတြကို ခံစားရတယ္လို႔ ဆိုပါတယ္။ အမွန္တကယ္လည္း သိသာတဲ့အေျပာင္းအလဲျဖစ္ခဲ့ပါတယ္။ လူထုပူးေပါင္းပါဝင္လာေအာင္လည္း ျပည္သူရဲ႕အႀကံျပဳစာေပးပို႔ႏိုင္ေအာင္စီ စဥ္ေပးႏိုင္ခဲ့တယ္။ ျပည္သူပူးေပါင္းမႈအားေကာင္းပုံကို နမူနာျပဳေျပာရရင္ လမ္းေဖာက္ရာမွာမလြတ္တဲ့ ဘုန္းေတာ္ႀကီးေက်ာင္း ၂ ေက်ာင္းကို လိုလိုခ်င္ခ်င္ဖ်က္ေပး၊ ေ႐ႊ႕ေပးခဲ့တယ္။ သိန္းေပါင္းေသာင္းခ်ီတန္တဲ့ ေျမ ၂ ကြက္ကိုလည္း ပိုင္ရွင္ေတြရဲ႕စိတ္ ဆႏၵအေလ်ာက္ ဖယ္ေပးခဲ့တယ္။ အဲ့လိုဖယ္ေပးႏိုင္ေအာင္ ေဆြးေႏြးညႇိႏႈိင္းႏိုင္ျခင္းဟာလည္း မႏၲေလးစည္ပင္ရဲ႕ အားသာခ်က္တရပ္အျဖစ္ ျမင္ေတြ႕ရပါတယ္။ ၿမိဳ႕ျပလူေနမႈပုံစံအေျပာင္းအလဲကို ရန္ကုန္မွာ ျမင္ေတြ႕ရမႈနည္းပါးေနတာ ကို ေတြ႕ရတယ္။ ၿမိဳ႕တြင္းသြားလာမႈမွာ ပလက္ေဖာင္းမဲ့လမ္းေတြျဖစ္ေနတယ္။ ေဈးသည္က ပလက္ေဖာင္းမွာေရာင္းသလို လူေတြက လမ္းမေပၚတက္ ေလ်ာက္ရ။ လမ္းေဘးဝဲယာမွာက အိမ္စီးကာမ်ားကလည္း လမ္းမေပၚမွာ တေနကုန္အေသရပ္ထားေလရဲ႕။ က်န္ ကားေတြကလည္း ထပ္ရပ္ေတာ့ ႏွစ္ထပ္ပါကင္ျဖစ္ေနေရာ။ လမ္းေဘးဝဲယာႏွစ္ခုေပါင္းေတာ့ ေလးထပ္ပါကင္ျဖစ္ သြားၿပီ။ ဒီေတာ့ ကားအသြားအလာလမ္းေၾကာင္းက တကယ့္ၾကပ္ၾကပ္တည္းတည္းပဲ။ အဲသလို လမ္းမေပၚယာဥ္ ေၾကာသြားလာမႈပိတ္ဆို႔ေနျခင္းေတြဟာ ေန႔တဓူဝ ရန္ကုန္လူထုႀကဳံေတြ႕ေနရတဲ့ ဒုတၡေတြပဲ။ တကယ္ဆို ပလက္ေဖာင္း‌‌ေဈးသည္နဲ႔ ယာဥ္ရပ္နားမႈကိစၥေတြက အေသအခ်ာစီမံခန႔္ခြဲေပးႏိုင္ရမွာပါ။ ကဲ ..စည္ပင္သာယာအေၾကာင္းေျပာရရင္ တေထာင့္တည ပုံျပင္ထက္ရွည္ၾကာဦးမယ္ထင္တယ္။ ေဒၚမာမာေအးစကားလိုပဲ ေျပာစရာေတြကလည္း တပုံႀကီးက်န္ေသးတယ္။ ေရွ႕မွာေျပာခဲ့သလိုပဲ လူထုအတြက္ ထင္သာျမင္သာရွိတဲ့ ေျပာင္းလဲေရးဟာ စည္ပင္ပါ။ အလြယ္ဆုံးအျမင္သာဆုံးအေျပာင္းအလဲကို ေဖာ္ေဆာင္မေပးႏိုင္တာဟာ စီမံခန႔္ခြဲမႈအားနည္းတာလား၊ စည္ပင္ရဲ႕ဌာနမႉးေတြဟာ စစ္ဘက္အသြင္ေျပာင္းေတြ ျဖစ္ေနလို႔ပဲလားဆိုတာကေတာ့ စဥ္းစားစရာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ထင္သာျမင္သာတဲ့ ျပဳျပင္ေျပာင္းလဲမႈကို မေဖာ္ေဆာင္ႏိုင္ေလာက‌ေေအာင္ အားနည္းခ်က္ခ်ိဳ႕ယြင္းခ်က္ရွိေနခဲ့ရင္ ဖယ္ထုတ္ဖို႔ တာဝန္ဟာ အစိုးရဆီေရာက္လာပါတယ္။ ေသခ်ာစိစစ္ၿပီး လူထုအက်ိဳးလုပ္ေဆာင္ေပးၾကပါရန္ တိုက္တြန္းေရးသားလိုက္ရပါေၾကာင္းဗ်ာ။  
2 years Ago
Up