ပြောင်းလဲကျင်းပ

October 17, 2020

ကိုဗစ်ကြောင့် ၁၂ နိုင်ငံတွင် ကျင်းပမည့် ယူရိုပြိုင်ပွဲအစီအစဉ် ပြောင်းလဲကျင်းပဖွယ်ရှိ

ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် နိုင်ငံ ၁၂ ခုမှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲအစီအစဉ် ကို ပြောင်းလဲကျင်းပဖွယ် ရှိပါတယ်။  ယူရို ၂၀၂၀ ပြိုင်ပွဲကို အခုနှစ်ဇွန်လမှာ စတင်ဖို့ သတ်မှတ်ထားပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ၂၀၂၁ ခုနှစ်ဇွန်လမှာ ကျင်းပဖို့ ပြောင်းလဲခဲ့တာပါ။  လက်ရှိအခြေအနေအရ ပြိုင်ပွဲဆက်လက်ကျင်းပမှာဖြစ်ပေမဲ့ မူလက စီစဉ်ထားတဲ့အတိုင်း နိုင်ငံ ၁၂ ခုက ကွင်း ၁၂ ခုမှာ ကျင်းပဖို့ မဖြစ်နိုင်တော့ဘူးလို့ သိရပါတယ်။  အထူးသဖြင့် အဇာဘိုင်ဂျန်နဲ့အာမေးနီးယားနိုင်ငံတွေက နိုင်ငံရေးတင်းမာမှုတွေရှိနေပြီး ရုရှားနိုင်ငံလည်း ပါဝင်ပတ်သက်နေတာကြောင့် အဲဒီ ၃ နိုင်ငံမှာ ကျင်းပမယ့်အစီအစဉ်ကို ဖျက်သိမ်းရနိုင်တယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။  ဒါ့အပြင် စပိန်က ဘီလ်ဘာအိုကွင်းမှာကျင်းပဖို့ စီစဉ်ထားပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် လက်မှတ်ရောင်းချဖို့ အခက်အခဲရှိတာမို့ ကွင်းပြောင်းကျင်းပဖို့ ရှိနေတာပါ။  ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ ဆိုးရွားလာမယ်ဆိုရင်တော့ နိုင်ငံတခုက ကွင်း ၄ ကွင်း မှာပဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ 
7 months Ago
Up