ပြောင်းရွှေ့မည်မဟုတ်

January 29, 2020

သောမတ်လီမာ ပြောင်းရွှေ့မည်မဟုတ်ဟု အက်သလက်တီကိုအသင်းပြော

သောမတ်လီမာဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အသင်းကနေ လုံးဝထွက်ခွာမှာ မဟုတ်ဘူးလို့ အက်သလက်တီကို မက်ဒရစ်အသင်း အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။ အာဆင်နယ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ပြင်သစ်ကွင်းလယ်ကစားသမားကို ဥရောပ ထိပ်သီးကလပ် တော်တော်များများကလည်း စိတ်ဝင်စားနေပြီးတော့ ဘိုင်ယန်မြူးနစ် အသင်းကလည်း အသည်းအသန် ချိတ်ဆက်နေတဲ့ ကစားသမား ဖြစ်ပါတယ်။ လီမာဟာ ၂၀၁၈ ခုနှစ်က မိုနာကိုအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာ နည်းပြ ဆိုင်မွန်နီရဲ့ စိတ်ကြိုက်ကစားသမား စာရင်းကနေ ချန်လှပ်ခံထားရတာကြောင့် အသင်းသစ် ရှာဖွေနေသူလည်း ဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အမှုဆောင်အရာရှိချုပ် မီဂျယ်အိန်ဂျယ် ဂေးလ်မာရင်ကတော့ လီမာဟာ ရောင်းဖို့မဟုတ်တာကြောင့် အသင်းကနေ ပြောင်းရွှေ့သွားဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောထားပါတယ်။ လီမာကို ခေါ်ယူလိုတဲ့ အသင်းတွေကတော့ အနည်းဆုံး ပေါင် သန်း ၃၀ လောက် အသုံးပြုရဖွယ် ရှိနေတယ်လို့ ဖော်ပြနေကြပါတယ်။
1 year Ago
Up