အက်သလက်တီကိုအသင်းဟာ မန်ယူအသင်းနဲ့ သတင်းထွက်နေတဲ့ ကွင်းလယ်လူ ဆာအူးလ်နီဂွက်ဇ်ကို ပြောင်းရွှေ့ကြေး သတ်မှတ်ပေးလိုက်ပါတယ်။
မန်ယူအသင်းဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ပေါ့ဘာကို လက်လွှတ်ရဖို့ ရှိနေတာကြောင့် ထိပ်တန်းကွင်းလယ်လူတဦးနဲ့ အစားထိုးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ကွင်းလယ်ပိုင်းမှာ စပိန်လက်ရွေးစင်တဦး ဖြစ်ပြီး အက်သလက်တီကိုမှာ ခြေစွမ်းပြနေတဲ့ ဆာအူးလ်ကို နည်းပြဆိုးလ်ရှားက အလိုရှိနေတာပါ။
အက်သလက်တီကိုအသင်းကတော့ ဆာအူးလ်အတွက် ပေါင် ၁၂၅ သန်း သတ်မှတ်ထားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ၈၅ သန်းအထိ ဈေးလျှော့ပြီး သတ်မှတ်လိုက်တယ်လို့ Metro သတင်းက ဖော်ပြပါတယ်။
အသက် ၂၅ နှစ်ရှိ ဆားအူးလ်ဟာ အက်သလက်တီကိုအသင်းအတွက် စုစုပေါင်း ၂၄၉ ပွဲအထိ ကစားပေးထားပြီး လာလီဂါဖလားနဲ့ ယူရိုပါလိဂ်ဆုဖလားတွေကို ရယူထားပါတယ်။
1 year Ago