အာဆင်နယ်အသင်းမှာ လာမယ့်ရာသီအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ အထိ သုံးစွဲသွားဖို့ လျားထားတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းဟာ ကစားသမားအပြောင်းအရွှေ့အတွက် ငွေကြေးပိုမိုသုံးစွဲနိုင်ဖို့ အသင်းဝန်ထမ်း ၅၅ ဦးကိုလည်း အလုပ်ရပ်စဲထားတာပါ။
Ths Sun သတင်းစာရဲ့ ဖော်ပြချက်အရ အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ သောမက်စ်ပါတေးနဲ့ လိုင်လီနောက်ခံလူ ဂါဘရီယယ် မက်ဂယ်ဟက်စ်တို့အတွက် ငွေကြေးသုံးစွဲရမှာဖြစ်သလို အငှားခေါ်ယူထားတဲ့ ဆီဘယ်ယော့စ်ကိုလည်း အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်ထားတာပါ။
အဲဒီကစားသမားသုံးဦးအတွက် ပေါင်သန်း ၁၀၀ လောက် ကုန်ကျမှာဖြစ်ပြီး အသင်းရှိ ကစာသမားအနည်းဆုံး ၃ ဦးလောက်ကို ရောင်းချသွားဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။
အာဆင်နယ်က ရောင်းချဖို့ရှိတဲ့ ကစားသမားစာရင်းထဲမှာ ကွင်းလယ်လူတွေဖြစ်တဲ့ လူးကပ်စ်တော်ရိုင်းယားနဲ့ ဂွမ်ဒူဇီတို့ ပါဝင်ပြီး နောက်ခံလူ မိန့်လန်နိုင်းစ်လည်း ပါဝင်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
အငှားချထားတဲ့ မီခီတာယန်းနဲ့ အယ်နန်နီတို့ကိုလည်း အပြီးသတ် ရောင်းချသွားမယ်လို့ သိရပါတယ်။
7 months Ago