ပြောင်းရွှေ့

May 15, 2022

တိုက်စစ်မှူး လီဝန်ဒေါစကီး ဘာစီလိုနာကို ပြောင်းရွှေ့ရန် အကြိုသဘောတူညီမှုရရှိ

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။ 

သူဟာ ဘိုင်ယန်နဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိသေးပေမယ့် စာချုပ်သက်တမ်းတိုးဖို့ စိတ်ကူးမရှိဘူးလို့ အသင်းကိုအသိပေးထားကြောင်း ဘိုင်ယန်မြူးနစ် ဘောလုံးဒါရိုက်တာ ဟတ်ဆန်က အတည်ပြုခဲ့ပါတယ်။ 

“စာချုပ်သစ်ကိစ္စအပေါ် လီဝန်ကို ပြောခဲ့ချိန်မှာ သူက ကျနော်တို့ရဲ့ ကမ်းလှမ်းချက်ကို လက်မခံချင်ခဲ့ဘဲ အသင်းကနေ ထွက်ခွာလိုနေတယ်။ သူ့ရဲ့ စာချုပ်က ၂၀၂၃ ခုနှစ် ဇွန်လအထိ ရှိတာမှန်ပါတယ်။ ဒီလိုမျိုးနဲ့သာဆိုရင် ကျနော်တို့ဘက်ကလည်း သက်တမ်းတိုးဖြစ်မှာ မဟုတ်ဘူးဆိုတာ ရှင်းလင်းပါတယ်” လို့ ဘိုင်ယန်ဘောလုံးဒါရိုက်တာ ဟတ်ဆန်က စကိုင်းစပေါ့ရုပ်သံနဲ့ တွေ့ဆုံစဉ်မှာ ပြောပါတယ်။ 

The Times သတင်းစာကတော့  လီဝန်ဒေါစကီးရဲ့ အေးဂျင့်ဟာ ဘာစီလိုနာအသင်းနဲ့ ၃ နှစ်စာချုပ်ဖို့ နူတ်အားဖြင့် သဘောတူညီမှု ရယူထားပြီး ပေါင် ၂၅ သန်းကနေ ၃၅ သန်းဝန်ကျင်နဲ့ ပြောင်းရွှေ့ဖို့ရှိနေတယ်လို့ သိရပါတယ်။ 

ပိုလန်တိုက်စစ်မှူးဟာ ၂၀၁၄ ခုနှစ်က ဒေါ့မွန်ကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် ၈ ရာသီ ကာလအတွင်း စုစုပေါင်း ၃၇၄ ပွဲမှာ ၃၄၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ 

ဘိုင်ယန်အမှုဆောင်အရာရှိချုပ် အိုလီဗာခမ်းကတော့ တရာသီကို ဂိုး ၃ဝ ကနေ ၄ဝ ကြား သွင်းနိုင်တဲ့ တိုက်စစ်မှူးတဦးကိုရောင်းချမယ်ဆိုရင် မိုက်မဲရာကျလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပြီး တက်နိုင်သမျှ ညှိနှိုင်းသွားဖို့ ပြင်ဆင်နေပါတယ်။ 

7 months Ago

September 13, 2021

စီရော်နယ်ဒို ပြောင်းရွှေ့လာသည့်အပေါ် ပျော်ရွှင်ကြောင်း မပြောနိုင်ဟု လီဗာပူးနည်းပြပြော

မန်ယူနိုက်တက်အသင်းကို စီရော်နယ်ဒိုကို ပြန်ရောက်လာတဲ့အပေါ် ပျော်ရွှင်တယ်လို့ မပြောနိုင် ကြောင်း လစ်ဗာပူးနည်းပြ ယာဂန်ကလော့ပ်ကပြောပါတယ်။

ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်အသင်းကနေ ထွက်ခွါခဲ့တာက အံ့အားသင့်စရာဖြစ်ပြီး ယူနိုက်တက်ဆီမပြောင်းရွှေ့ခင် ကောလဟလ သတင်းတွေကြားကတည်းက မယုံနိုင်ခဲ့တာဖြစ်တယ်လို့ ကလော့ပ်ကပြောပါတယ်။

ယူနိုက်တက်အသင်းဆီပြောင်းရွှေ့လာခဲ့တဲ့အချိန်မှာတော့ ယူနိုက်တက်အသင်းအတွက် ပျော်ရွှင်ကျေနပ်စရာဖြစ်တယ်လို့ တွေးမိကြောင်း၊ ယူနိုက်တက်အနေနဲ့ သူတို့လိုချင်တာကို ရအောင်လုပ်ဆောင်နိုင်ခဲ့ကြောင်း ယာဂန်ကလော့ပ်က မှတ်ချက်ပေးပါတယ်။

ဒါပေမဲ့ ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်ကို ပြန်ရောက်လာတဲ့အပေါ် " ကျွန်တော်ပျော်ရွှင်ရပါတယ်” လို့တော့ မပြောနိုင်ကြောင်း လစ်ဗာပူးနည်းပြ ကလော့ပ်က ဟာသလုပ်ပြီး ပြောခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ မန်ယူအသင်းတွက် ပထမဆုံး တကျော့ပြန်ကစားတဲ့  နယူးကာဆယ်နဲ့ ပွဲစဉ်မှာ အနိုင်ဂိုး၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ယူနိုက်တက်လည်း ၄ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

1 year Ago
More News
Up